***""" ဘယ်လောက်ချစ်လဲ ???"""***
JeepKan2Kgmalay2jpg.jpg 8K View Share Download *** မဟော်သဓာ ဇာတ်တော်ထဲမှာတော့ အမရာဒေ၀ီက အသပြာတစ်ထောင်ထုတ်နဲ့ လာဖြားယောင်းတာတောင်မှ သူချစ်တဲ့ အပ်ချုပ်သမားကို ပစ်မသွားဘူးတဲ့......... *** မဒ္ဒီဒေ၀ီက သူ့ချစ်လင် ဝေသာန္တရာ မင်းကြီး နန်းစွန့်ဖို့ တောအရပ်မှာနေရတဲ့ အခါ စားစရာတောင် ရှာကြွေးပါသတဲ့......... *** သမ္ဗူလကလည်း ကျန်စစ်သား ဒုက္ခရောက်နေချိန်မှာ မညည်းမညူ ပြုစုပေးတယ်တဲ့................ ... *** ကိန္နရာကတော့ သူ့ချစ်လင် မြားမှန်တဲ့အခါ သူ့ရဲ့သစ္စာနဲ့ ပြန်လည်လို့ အသက်ရှင်သန်စေပါသတဲ့...... ရာဇ၀င်ထဲက စံတင်လောက်တဲ့ မိန်းမမြတ်တွေရဲ့ စံပြအချစ်တွေပေါ့.......... *** ချစ်သူ နင်ရော.................... ငယ့်ကို ဘယ်လိုအချစ်မျိုးနဲ့ ချစ်တာလဲ........??? ငယ်ကတော့............ *** အမရာ၊ ကိန္နရီ မဒီ၊ သမ္ဗူလတို့လို တော်လေးဝတဲ့ မိန်းမမြတ်စာရင်းမှာ မပါဝင်ပေမယ့် နင့်အပေါ်ထားတဲ့ ငယ့်ရဲ့ အချစ်က သူတို့ထက် အဆပေါင်းများစွာ သာပြီး နင့်ကို အသဲနင့်အောင် ချစ်တယ်ဆိုတာ နင်ယုံကြည်ပေးပါ ချစ်သူ...................။ ။***
|
No comments:
Post a Comment