Friday, August 23, 2013

စကပ်တိုလွန်းခြင်း၊ အောက်ခံဘောင်းဘီ ပေါ်ခြင်းကြောင့် ရွှေမှုန်ရတီရဲ့ ဇာတ်ကားတွေ ဆင်ဆာ အများဆုံးထိနေ


ပွင့်လင်းမြင်သာတဲ့ ခေတ်အခြေအနေအရ မြန်မာ့ရုပ်ရှင် လောကမှာ ဆင်ဆာလွတ်လပ်ခွင့်တွေ အများကြီး ရရှိလာပါတယ်။ ဒါပေမယ့် ဆင်ဆာလွတ်လပ်ခွင့်တွေ ဘယ်လောက်ပဲ ပေးပေး ဆင်ဆာ ငြိတဲ့ ဇာတ်ကားတွေကတော့ ရှိနေဆဲပါပဲ။

ဇူလိုင်လအတွင်းက ဆင်ဆာစီစစ်ရေးအဖွဲ့ရဲ့ စိစစ်မှုအရ ဆင်ဆာငြိ ဇာတ်ကား (၂၃) ကားရှိနေတယ်လို့ သိရပါတယ်။ အဲဒီကားထဲက ဇူလိုင်လရဲ့ အစည်းအဝေးအမှတ် (၂၅/၂၀၁၃)နဲ့ (၂၇/ ၂၀၁၃) ဆုံးဖြတ်ချက်အရ စကပ်တိုလွန်းခြင်း ၊ အောက်ခံ ဘောင်းဘီ ပေါ်ခြင်း၊ ဘောင်းဘီတင်းကျပ်လွန်းခြင်းတွေကြောင့် ဆင်ဆာငြိတဲ့ ဇာတ်ကား ငါးကား ပါဝင်နေပြီး အဲဒီအထဲမှာ ရွှေမှုန်ရတီ ခေါင်းဆောင်မင်းသမီးအဖြစ် ပါဝင်သရုပ်ဆောင်ထားတာ သုံးကားရှိနေပါတယ်။ ရွှေမှုန်၇တီကတော့ သရုပ်ပျက်ဝတ်စားတာကို သဘောကျသူမဟုတ်ပဲ ရိုးရှင်းတဲ့ ၀တ်စားဆင်ယင်မှုကိုသာ နှစ်သက်သူဖြစ်ပြီး သူမအနေနဲ့လည်း အမြဲတမ်း ရိုးရှင်းစွာ ၀တ်ဆင်တက်သူ ဖြစ်ကြောင်း မီဒီယာ တစ်ခုမှ ပြောဆိုထား ပါတယ်။

ဂျင်းဘောင်းဘီရှည်ကို ရှပ်အင်္ကျီနဲ့ တွဲဝတ်ထားပြီး ဦးထုပ်ဆောင်းတဲ့ စတိုင်လ်က ဘယ်တော့မှ မပြောင်းလဲတဲ့ ရွှေမှုန်ရတီရဲ့ စတိုင်လ်လို့လည်း အသိပေးသွားပါတယ်။

ညအမှောင်တွင် အလင်းရောင် တောက်ပနေသည့် ယုန်ငယ်များ


အီစတန်ဘူလ်ရှိ သုတေသီများ စမ်းသပ်ထားသည့် ယုန်ငယ်များသည် အမှောင်ထဲတွင် စိမ်းဖန့်ဖန့်အရောင် တောက်ပလင်းလက်လျှက် ရှိလာသည်ကို တွေ့ရှိနိုင်မည်ဖြစ်

တူရကီနိုင်ငံ၊ အီစတန်ဘူလ်မှ သိပ္ပံပညာရှင်များသည် သဘာဝအတိုင်း ရှင်သန်နေထိုင်သော ယုန်ငယ်များကို တလက်လက် တောက်ပအောင် DNAပြုပြင်မှု ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
ယခုအခါ အီစတန်ဘူလ်ရှိ သုတေသီများ စမ်းသပ်ထားသည့် ယုန်ငယ်များသည် အမှောင်ထဲတွင် စိမ်းဖန့်ဖန့်အရောင် တောက်ပလင်းလက်လျှက် ရှိလာသည်ကို တွေ့ ရှိနိုင်မည် ဖြစ်သည်။ ယုန်အမ တစ်ကောင်ထံမှ ပေါက်ဖွားလာသည့် ယုန်ငယ် (၂)ကောင်သည် အမှောင်ထုထဲတွင် လင်းလက်နေနိုင်အောင် ဂျယ်လီငါးထံမှ DNAကို ရယူ သွပ်သွင်းပေးထားခြင်း ဖြစ်သည်။ တူရကီနှင့် ဟာဝိုင်အီတို့မှ DNA နည်းပညာ လေ့လာသူ သုတေသီ တစ်စုသည် ယုန်မတစ်ကောင်၏ သားအိမ်ထဲမှ သားလောင်းများကို အဆိုပါ DNA ထည့်သွင်းပေးလိုက်ခြင်း ဖြစ်သည်။

ယခုလေ့လာမှု၏ အဓိက ရည်ရွယ်ချက်သည် မျိုးဗီဇ ရောစပ်စမ်းသပ်မှုများ၏ စပ်ယှက် အလုပ်လုပ်နိုင်စွမ်းကို ခြေရာခံနိုင်ရန်သာ ဖြစ်သည်။ ပညာရှင်များ က ယခုကဲ့သို့သော စမ်းသပ်မှုမျိုးဖြင့် ပိုးဟပ်များ၊ ကြောင်များ၊ ငါးများ၊ သိုးများနှင့် မျောက်များ၌ပါ အရောင်တောက်ပလာအောင် ဖန်တီးနိုင်မည် ဟု မျှော်လင့်ထားသည်။ မျိုးရိုးဗီဇ DNAကို နိုင်နင်းစွာ ကိုင်တွယ်မှုသည် အနာဂတ် ဆေးပညာ ကဏ္ဍတွင် အထောက်အကူ ဖြစ်စေပြီး ရောဂါများကို တိုက်ထုတ်နိုင်စွမ်း ရှိလာရန် ပညာရှင်များက မျှော်လင့်ထားသည်။

ဟာဝိုင်အီ တက္ကသိုလ်မှ ပညာရှင်များသည်လည်း ယခုပရောဂျက်တွင် ပူးပေါင်းခဲ့ပြီး ရလဒ်အပေါ် ကျေနပ်လျှက်ရှိသည်။ ယုန်များသည် မိမိတို့၏ မျိုးနွယ်တူ ညီအစ်ကို မောင်နှမများကဲ့သို့ အဖြူရောင်ပင် ရှိသော်လည်း ညဘက်အမှောင်ထဲတွင် လင်းလက်နေခြင်း ဖြစ်သည်။ ယခုစမ်းသပ်မှုကို တိရစ္ဆာန် အခွင့်အရေး ကာကွယ်စောင့်ရှောက်သူများက စိုးရိမ်လျှက်ရှိသည်။ အဆိုပါ စမ်းသပ်မှုမျိုးကို အခြားသော ရည်ရွယ်ချက်များဖြင့် (၂၀၀၀)ပြည့်နှစ်က ချီကာဂိုတွင် ပြုလုပ်ခဲ့ဖူးကြောင်းလည်း သိရှိရသည်။

တေးသံရှင် ရတနာမိုင်၏ ပုံရိပ်များတေးစီးရီး သြဂုတ် ၂၉ ထွက်မည်


ရန်ကုန်၊ သြဂုတ် ၂၂

အလွမ်းသင့်ပန်းချီ တေးသီချင်းဖြင့် လူသိများလာသော ရတနာမိုင်၏ တတိယမြောက် တစ်ကိုယ်တော် တေးစီးရီးဖြစ်သော ပုံရိပ်များ တေးစီးရီးကို ရတနာမြိုင် တေးသံသွင်းမှ သြဂုတ်လ ၂၉... ရက်နေ့ တွင် ဖြန့်ချိသွားမည် ဖြစ်ကြောင်း MyLay Entertainment မှ စီစဉ်သူ ဦးဇော်မျိုးထက်က ပြောကြားသည်။

“အရင်တုန်းက မိုင်လေးထွက်ခဲ့တဲ့ စီးရီးတွေမှာ ပါတဲ့သီချင်းတွေက ယောက်ျားလေးဆန်တဲ့ သီချင်းတွေများတယ်။ ဒီစီးရီးမှာတော့ မိန်းကလေးဆန်တဲ့ Slow Rock ပုံစံသီချင်းလေးတွေ ပိုထည့်ထားတယ်” ဟု ပုံရိပ်များ တေးစီးရီးနှင့် ပတ်သက်၍ ၎င်းကထပ်လောင်း ပြောကြားသည်။

ယခုတေးစီးရီးတွင် သီချင်းပေါင်း ၁၂ ပုဒ်ပါဝင်ကာ Bonus Track အနေနှင့် အဝေးထွက်သွားသူ သီချင်းကို ပုံစံပြောင်း တီးထားပြီး မိခင်ဖြစ်သူမိုင်၏ မလွမ်းပို သီချင်းကိုလည်း မူရင်းပုံစံအတိုင်း ပြန်ဆိုထားကြောင်း၊ သီချင်းများကို တေးရေး ဦးမိုးမင်းဝင်း၊ နောင်နောင် (SF)၊ မင်းချစ်သူ၊ အောင်လ၊ ညီမင်းခိုင်၊ ထင်အောင်၊ ယုန်လေး၊ စိုးမိုးသန်း၊ will & smith, Ngar, KLC တို့ ရေးစပ်ပေးထားကြပြီး ကိုယ်ပိုင်သံစဉ် သီချင်းတွေချည်း ဖြစ်ကြောင်း တေးသံရှင် ရတနာမိုင်က ဆိုသည်။

တေးသံရှင် ရတနာမိုင်မှာ မရှိလို့မဖြစ်နှင့် ပဖဘဗမ တစ်ကိုယ်တော် တေးစီးရီးများ ထွက်ရှိထားသည်။

Thursday, August 22, 2013

ငရဲ ရှိသည်ကို အတည်ပြုကြပြီ ..


ကျွန်တော်ဒီသတင်းလေးကိုအစကတော့မရေးဘူးနေမယ်လို့စိတ်ကူးထားတယ်ဗျာ..ဒါပေမဲ့..ဘူမိဗေဒလေ့လာရေးလုပ်ငန်းကိုဆောင်ရွက်ရင်းနဲ့တွေ့ရှိထားတယ်ဆိုတော့…ထူးဆန်းတဲ့သတင်းလေးတွေကိုသာတင်ချင်တဲ့..ကျွန်တော်ရဲ့ညင်လေးအတိုင်းအများသိအောင်
တင်ပေးလိုက်ပါတယ်..ဝေဖန်ရေးလုပ်ပေးကြပ့ါဦးလို့သာ…။


ငရဲ ရှိသည်ကို အတည်ပြုကြပြီ…

 မတ်စွာဘုရားဟောကြားခဲ့တဲ့ငရဲကြီးရှစ်ထပ်ဆိုတာကို နော်ဝေးနိုင်ငံနှင့် ဖင်လန်နိုင်ငံမှ ဘူမိဗေဒပညာရှင်များကအတည်ပြု၊ ကျနော်တို့ မြေကြီးရဲ့ မြေအောက်အလွှာတွင် ရွေ.လျှားမှုအကြောင်း လေ့လာကြတဲ့
ဆိုဗီယက်နိုင်ငံမှ ဘူမိဗေဒပညာရှင်များနှင့် ပြည်ပက ငှာရမ်းထားတဲ့ ဖင်လန်နိုင်ငံနဲ့ နော်ဝေးနိုင်ငံမှ ဘူမိဗေဒပညာရှင်များရယ် ပူးပေါင်းပြီး…ဆိုဗီယက်နိုင်ငံ ဆိုက်ဗေးရီးယား နယ်စွန်တစ်နေရာတွင် မြေအောက်ဆိုက်စမစ် တူးဖော်နည်းနှင့် တူးခဲ့ကြပါတယ်။
ပိုက်လုံးတွေချပြီး တူးကြရင်းက မြေအောက် အနက်ကိုးမိုင် အရောက်မှာ ဇာတ်လမ်းက စတော့တာပဲ။ ပူးပေါင်းတွင်းတူး အဖွဲ့ ခေါင်းဆောင် ဆိုဗီယက် ဘူမိဗေဒပညာရှင်ဒေါက်တာ
ဒီမီထရီအက်ဇာကော့လို့ ခေါ်ပါတယ်။ တွင်းအနက် ကိုးမိုင်ရောက်တဲ့ အခါ တွင်းတူးတဲ့ပိုက်ဟာ ထိန်းမရအောင် တုန်ခါလာတာကို တွေ့ရှိရပါတယ်။ ဘာကြောင့် တုန်ခါသလဲဟု စစ်ဆေးကြတဲ့အခါ
တွင်းတူးပိုက် ထိပ်ပိုင်းဟာ လေဟာနယ်လို တွင်းခေါင်းပြင်ကျယ်ကြီးတစ်ခုကို ရောက်နေလို့  ထိမ်းမရအောင် လှုပ်ရမ်းနေခြင်း ဖြစ်တယ်လို့ တွေ့ ရှိပါတယ်

အဲဒီအခါမှာတော့ လုံးဝမခံ မရပ်နိုင်အောင် နာကျင်တယ်လို့ အော်ဟစ်နေကြတဲ့ အသံကို စတင်ကြားရပါတယ်။
ပထမတော့ သူတို့ ရဲ့ တွင်းတူးစက်နဲ့ ပိုက်လုံးတွေနဲ့ မြေလွှာတွေရဲ့ တုန်ခါမှုအသံဟု ထင်မှတ်ထားကြပေမဲ့ သေချာစူစမ်းပြီး နားထောင်တဲ့ အခါမှာတော့ ပိုက်လုံးတစ်လျှောက်ထဲမှာ ကြားနေ
ရတယ် အသံတွေ ဖြစ်တာကြောင့် နားတွေတောင် မယုံနိုင်အောင် ဖြစ်ခဲ့ရတယ်လို့ ဒေါက်တာ ဒီမီထရီအက်ဇာကော့က ဆိုပါတယ်။ သေချာအောင်လို အသံဖမ်းစက်ကို တွင်းထဲချပြီး
အသံဖမ်း နားထောင်တဲ့ အခါမှာတော့ မခံမရပ်နိုင်အောင် အော်ဟစ်နေတဲ့ လူတစ်ယောက်ရဲ့ အသံကို သဲသဲကွဲကွဲ စတင်ကြားလိုက် ရတယ်။ အဲဒီအသံနဲ့အတူ လူပေါင်း ထောင်ပေါင်းများစွာ
သို့ မဟုတ် သန်းပေါင်းများစွာရဲ့ အော်ဟစ်ငြီးငြူနေကြတဲ့ အသံကိုလဲ ကြားလိုက်ရတယ်လို့ ဆိုပါတယ်။
အဲဒီအချိန်မှာ ဒေါက်တာ ဒီမီထရီအက်ဇာကော့ အပါအဝင် တခြားပညာရှင်တွေရော..တွင်းတူး လုပ်သားတွေပါ အံ့သြတုန်လှုပ်မှုများစွာ ဖြစ်ခဲ့ရပါတယ်။ အဲဒီအသံတွေကို အလွန်ဆွဲအားကောင်းတဲ့ အသံဖမ်းစက်တွေနဲ့ 
အသံကူးထားလိုက်ပြီး လုပ်ငန်းကို ဆက်မလုပ်တော့ပဲ တွင်းပေါက်ကို အဖုံးဖုံးပြီး ပိတ်ထားလိုက်ကြတယ်။
ဒါဟာငရဲကို တွေ့ ရှိခြင်းလို့ သူတို့ ခံယူထားလိုက်ကြတယ်။ အနိဌာရုံတွေနဲ့လူ လောကကို ဆက်ပေးလိုက်ကြပြီးလို့ ထင်မိပါတယ်။
ကျနော်အခု ခင်ဗျားတို့ကို ပြောပြနေတဲ့ ဟာတွေက တွင်းတူးအဖွဲ့ ခေါင်းဆောင် ဒေါက်တာ ဒီမီထရီအက်ဇာကော့နဲ့  တွင်းတူးအဖွဲ့ ဝင် နော်ဝေးနိုင်ငံ ဘူမိဗေဒပညာရှင် ဘာနီနန်မီဒယ် အသက် ၆၅ နှစ်တို့ရဲ့ ပြောကြားချက်တွေပါပဲ။
ဒီသတင်းတွေကို ဖင်လန်နိုင်ငံက အင်မန်နုဆက်စတီးယားဆိုတဲ့ လစဉ်ထုတ် စာစောင်က ရေးသားဖော်ပြကြတယ်။
ဒီကျနော်တို့ ကမ္ဘာမြေကြီးရဲ့အောက် ကိုးမိုင်မှာ သိပ်ကို ပူလောင်တယ်လို့ သိခဲ့ရပါတယ်။ အခုကျနော်တို့ ရောက်နေတဲ့ ပူအိုက်စွတ်စိုတဲ့ တောဟာ ဖာရင်ဟိုက် အပူချိန်ဒီဂရီ ကိုးဆယ့်ငါးလောက်ပဲ ရှိတယ်။ မြေကြီးအောက်
်ကိုးမိုင်အကွာက အပူချိန် ဒီဂရီဖာရင်ဟိုက် 2000 ရှိတယ်လို့ တွက်ချက် သိရှိရတယ် ။
သူတို့ မူလခန့်မှန်းထားတဲ့ အပူချိန်ထက် ဆယ်ဆလောက်တောင် များနေတယ်လို့ တွင်းတူးအဖွဲ့ဝင်နော်ဝေးနိုင်ငံ ဘူမိဗေဒပညာရှင် ဘာနီနန်မီဒယ်က ဆိုပါတယ်။
တွင်းတူးအဖွဲ့ဝင် နော်ဝေးနိုင်ငံ ဘူမိဗေဒပညာရှင် ဘာနီနန်မီဒယ်နှင့် ဘူမိဗေဒပညာရှိချုပ်တို့ဟာ နော်ဝေးနိုင်ငံရဲ့ အကြီးဆုံးနှင့် အောင်မြင် ကျော်ကြားမှု အရှိဆုံး အော့ဘရမ်းဘတ်စတိုက်ကီး ဆိုတဲ့ သတင်းစာကြီးက
1990ခု ဇန်နဝါရီလ4ရက်နေ့မှာ တွေ့ဆုံမေးမြန်းခဲ့တယ်။
ဘာနီနန်မီဒယ် ပြောတာတွေကို သတင်းစာမှာ ရေးသားဖော်ပြခဲ့ကြတယ်။ အဲဒီသတင်းစာမှာတော့…
ဒီကမ္ဘာကြီးရဲ့အောက် ကိုးမိုင်းအကွာမှာ ငရဲပြည်ဆိုတာ တကယ်ရှိနေပြီ၊ တွင်းတူးတွေ့ရှိချက်အရ ငရဲပြည်ရဲ့ ဂိတ်ပေါက်တံခါးဝပဲဟု ရေးသားခဲ့ကြတယ်။ဒီလိုတွေ့ရှိမှုတွေပြီးတဲ့နောက်မှာ နော်ဝေးနိုင်ငံနဲ့
ဖင်လန်နိုင်ငံမှ ဘူမိဗေဒပညာရှင်တချို့..အလုပ်က နှုတ်ထွက်လိုက်ကြတယ်လို့ သတင်းစာတွေမှာ ရေးသားဖော်ပြခဲ့ ကြတယ်။
အမှန်တစ်ကယ် ဖြစ်ရပ်က သူတို့ ငှားရမ်းထားတဲ့ နိုင်ငံခြားသား အားလုံးကို တွေ့ ရှိချက် အပြီးနှစ်ရက်အကြာမှာ ဆိုဗီယက်နိုင်ငံတွင် မထားတော့ပဲ ပြည်ပကို ပြန်ပို့လိုက်ကြပြီး အလုပ်ကနှုတ်ထွက် ခိုင်းတယ်လို့ ဆိုပါတယ်။
အဲဒီသတင်းကို ကြားတဲ့အခါမှာ ဆိုဗီယက် အာဏာပိုင်တွေဟာ လာဒ်ထိုးမှုတစ်ခုနှင့် ဖြေရှင်းလိုက်ကြတယ်။
ဆိုဗီယက် သာသနာရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ တစ်ယောက်က တစ်ဦးချင်းကို ငွေပေးပြီးနှုတ်ပိတ်ခဲ့တယ်။
ဒါပေမဲ့ ငွေဘယ်လောက် ဆိုတာကိုတော့ တွင်းတူးအဖွဲ့ဝင် နော်ဝေးနိုင်ငံ ဘူမိဗေဒပညာရှင် ဘာနီနန်မီဒယ်ကို မေးလို့ မရခဲ့ပါဘူး။ ခန့်မှန်းရသလောက် ကတော့ တစ်ဦးစီကို သိန်းဂဏန်းလောက်
ပေးပုံရတယ်လို့  မီဒီယာသမားတွေက ထင်မြင်ချင်ဖြင့် ရေးသားခဲ့ကြပါတယ်။ ဘာနီနန်မီဒယ် ကတော့ သူရရှိတဲ့ ငွေတွေကို တပြားတချပ်မှ မယူပဲ ကယ်ဆယ်ရေး လုပ်ငန်းတွေကို
လှူဒါန်းလိုက်တယ်လို သိရပါတယ်။ ဒီသတင်း ပေါက်ကြားတဲ့ အခါမှာတော့ သူ့အသက်လဲ ဆိုးရိမ်ရပါတယ်ဟုလဲ ပြောခဲ့ပါတယ်။ ဆိုဗီယက် အာဏာပိုင်တွေဟာ ထိုငြီးငြူသံတွေကို
မြေဆီလွှာ လှုပ်ရှားသံဟု..ဆိုပြီးပယ်ချခဲ့ပါတယ်။
နောက်စာတစ်စောင်ကတော့ နော်ဝေးနိုင်ငံသား အေ့(ချ)ရန်ဒါလန်ဂျူနီယာ ဆိုတဲ့ လူရေးခဲ့တဲ့စာပါပဲ။
သူဟာ နော်ဝေးနိုင်ငံ တရားရေးဝန်ကြီးဌာန ဝန်ကြီးရဲ့ အထူးအတိုင်ပင်ခံ တစ်ယောက်လဲ ဖြစ်တယ်။
စာရေးတဲ့ နေ့စွဲက ၁၉၉၀ခု ဇန်နဝါရီလ ၇ ရက်နေ့  သူ့ စာထဲမှာ ရေးခဲ့တာကတော့ ၁၉၈၉ ခု ခရစ်စမတ် ရုံးပိတ်ရက်မှာ သူက အမေရီကန်နိုင်ငံ ကားလီဖိုးနီးယား ပြည်နယ်ကို အလည်အပတ် ရောက်နေချိန်မှာ
နော်ဝေးနိုင်ငံက ဆိုက်စမစ် ဘူမိဗေဒပညာရှင်တွေဟာ တွင်းတူးရင်းနဲ့ ဟောင်းလောင်းပေါက် ဟင်းလင်းပြင်ကို တွေ့ရပြီး လူထောင်းပေါင်း များစွာရဲ့ အော်ဟစ်သံကို ကြားရကြောင်း သတင်းစာကို
ဖတ်ရတယ်။ ဒီသတင်းစာကို ဟာသဆိုပြီး ပြက်ရယ်ပြုခဲ့ပါသေးတယ်ဟု ဆိုပါတယ်။
ဒါပေမဲ့ မကြာပါဘူး ပြည့်ပြည့်စုံစုံ ရေးထားတဲ့ နော်ဝေးနိုင်ငံမှ စာတန်းကို ဖတ်လိုက်ရတဲ့ အခါမှာတော့ သူဟာ အရမ်းအံ့သြတုန်လှုပ် မိပါကြောင်းနှင့် နောက်ဆုံးမှာတော့ သူ့ ကို ဘုရားသခင်ထံမှာ
အပ်နှံကြောင်းနှင့် လုံခြုံတဲ့နေရာမှာ ထားပေးကြပါလို့  ရေးသားထားကြောင်းသိရပါတယ်။
ကျမ်းည္မန်း။ ။အကုသိုလ်နှင့် ငရဲပြည်ဟူသော စာအုပ်မှ ဘာသာပြန်သူ ဘကြီးဇင် ရေးသားသော စာအုပ်မှဖြစ်ပါသည်။
လွမ်းခြင်း၏ တစ်ခြားတစ်ဖက်မှာ နေသာနေတဲ့ နေ့တစ်နေ့ရှိသည်။မှတ်ချက်။ ။ ဒါကတော့ မေလ်းထဲက တွေ့ တာပေါ့နော်။ အသံဖိုင်ပါတယ်ခင်ဗျ။ ပို့ ပေးတဲ့ သူက အသံဖိုင် အတိုလေးပဲ ပို့ ပေးတာပါတဲ့ ။ အောက်မှာ ဖတ်ကြည့် ပါ။ ကျွန်တော် မူရင်း အတိုင်း ပြန်တင်ပေးထားတာပါခင်ဗျ။ အသံဖိုင် ပို့လိုက်ပါတယ် ….
အသံဖိုင်က သိပ်မရှည်ပါဘူး … တိုတိုလေးပါ …
၁ မိနစ်နီးပါးလောက်ပဲကြာပါတယ် …
ရေဒီယို ထုတ်လွင့်ချက်က အသံကို ပြန်ကူးထားတာပါ …
ကျွန်တော့်အသိတစ်ယောက်ဆီမှာတော့ မူရင်းအသံဖိုင်ရှိပါတယ် … အသံက ၁၀ မိနစ်လောက်ကြာတယ်လို့ ပြောပါတယ် …
ကျွန်တော်လည်း သူ့ဆီက ဖိုင်ကို လိုချင်ပါတယ် …
၁၀ မိနစ်လောက်ဆိုတော့ သေသေချာချာ နားထောင် သုံးသပ်လို့ရနိုင်ပါတယ် …
ခက်တာက ကျွန်တော်လည်း အဲဒီအသိနဲ့ မတွေ့တော့ဘူး …
အင်တာနက်မှာလည်း မူရင်းအသံဖိုင် လုံးဝရှာလို့မရဘူး ….
ကျွန်တော် ကြိုးစာရှာကြည့် ပေမယ့်လည်း အခုကျွန်တော်ပို့တဲ့ ဟာလိုမျိုး အသံဖိုင် အတိုပဲ ရှာလို့ရပါတယ် ၊ အသံဖိုင် အရှည်များ ရှာလို့ရရင် ပြန်ဝေမျှကြပါဦး …
အခု အသံဖိုင်ကိုဖွင့်ကြည့်ရင် အရင်ဆုံး ရေဒီယိုကြေငြာသူရဲ့ စကားသံကိုကြားရပါမယ် …
၁ မိနစ်လောက်နေမှ ငရဲမှ အော်ဟစ်သံကို ကြားရပါလိမ့်မယ် …
အသံတွေကတော့ လုံးထွေးနေပါတယ် … နားကြပ်နဲ့နားထောင်ရင် ပိုအဆင်ပြေပါလိမ့်မယ် …
အမျိုးသမီးအော်ဟစ်နေတဲ့အသံကိုတော့ တစ်ချက်တစ်ချက်ကြားရပါတယ် …
ပြီးတော့ အသံဟိန်းဟိန်းနဲ့ ရယ်နေတဲ့အသံကိုလည်း ကြားရပါတယ် ..
ကျွန်တော်ကတော့ အဲဒီ ရယ်နေတဲ့အသံကို ငရဲသား က ရယ်နေတယ်လို့ထင်တာပဲ …
နားထောင်ကြည့်ကြပါ ….
အသံဖိုင်ကိုတော့  အောက်ပါလင့်မှာ ဒေါင်းပါ။
http://centralupload.com/files/17095_osxw1/Siberian%20hell%20sound.mp3
မူရင်းဆိုက်ဒ် eainmatthanzin.com 

MMWeather Member's BLOG မှကူးယူဖော်ပြသည်။

ဒီပို့စ်လေးကို

MMWeather Member's BLOG တင်ထားသည့် ရက်စွဲ  February  2011 ထဲကဖြစ်ပါတယ်  မဖတ်ရသေးတဲ့သူများ ပြန်လည်ဖတ်နိုင်ဖို့အတွက် ရည်ရွယ်ပါတယ်

Monday, August 12, 2013

ပရိသတ်တွေသိချင်နေတဲ့ ဆိုတေးရဲ့ကျန်းမာရေးအခြေအနေ




ယာဉ်မတော်တဆမှုကြောင့် မန္တလေးပြည်သူ့ဆေးရုံမှာ ဆေးကုသမှုခံ ယူနေတဲ့ အဆိုတော်ဆိုတေးရဲ့ ကျန်းမာရေး အခြေ အနေမှာ တိုးတက်ေ ကာင်းမွန်နေတယ်လို့ သိရပါတယ်။

 ဆိုတေးကျန်းမာရေးအခြေအနေနဲ့ပတ် သက်ပြီး သူ့ရဲ့ပရိသတ် တွေကလည်း စိုးရိမ်ပူပန်နေကြပါတယ်။ လတ်တလောမှာ အဆိုတော်ဆိုတေး ကွယ်လွန်သွားပြီဆိုတဲ့ သတင်း တွေထွက်ပေါ်နေတာ ကြောင့် ဆိုတေးကို အနီး ကပ် ပြု စုစောင့်ရှောက်နေတဲ့ အဒေါ် ဖြစ်သူ ဒေါ်ချိုကို ဆက်သွယ်မေးမြန်းရာ မှာတော့ "အပြင်မှာ ပြောနေကြတာတွေက မဟုတ်ပါဘူး။ဆိုတေးက သတိပဲမရသေးတာ ပါ။စကားတော့ မပြောနိုင်သေးပါဘူး။ပါးစပ်မှာ ပိုက်ကတပ်ထားတုန်းပဲ။ခါတိုင်း ထက်စာရင် လက်တွေလှုပ် တယ်၊ခေါင်းလှုပ် တယ်။ခေါင်းလှုပ်တယ်ဆိုပေမယ့် သတိရ တယ်လို့လည်း ပြောလို့မရသေး ဘူး။ဖြစ်ဖြစ်ချင်းထက်စာရင် တော်တော် အခြေအနေတိုးတက်လာပါတယ်" လို့ ပြော ပါတယ်။ အပြင်မှာပြောနေကြတဲ့ ကောလာ ဟလများကြောင့် ဆိုတေးကျန်းမာရေး အခြေအနေကို စိတ်ပူကာ အားလုံးက ဆိုတေး မိသားစုများအား ဖုန်းဆက်မေး နေကြပြီး မိုးလင်းကတည်းက ဒီ သတင်း တွေကို ပြန်လည်ဖြေရှင်းနေရတယ်လို့ ဆိုတေးရဲ့အဒေါ်ဖြစ် သူ ဒေါ်ချိုကပြော ပါတယ်။

၂၀၁၄ မယ်စကြ၀ဠာပြိုင်ပွဲ မြန်မာဝင်ပြိုင်မည်


ရန်ကုန်- ၂၀၁၄ ခုနှစ်တွင် ကျင်းပမည့် မယ်စကြ၀ဠာပြိုင်ပွဲသို့ မြန်မာနိုင်ငံကိုယ်စားပြု မယ်တစ်ဦး စေလွှတ် ယှဉ်ပြိုင်ရန် အမေရိကန်နိုင်ငံ နယူးယောက်မြို့ရှိ မယ်စကြ၀ဠာရွေးချယ်ရေး အဖွဲ့နှင့် သဘော တူညီမှု ရထားပြီးဖြစ်ကြောင်း နယူးယောက်မြို့ကို ရောက်ရှိနေသည့် စီစဉ်သူ မြန်မာနိုင်ငံ အမျိုး သမီးအား ကစား အဖွဲ့ချုပ်မှ ဒေါ်စိုးယုဝေက ပြောကြားသည်။

မယ်စကြ၀ဠာပြိုင်ပွဲ စေလွှတ်ရန် မြန်မာနိုင်ငံအဆင့် မယ်စကြ၀ဠာမြန်မာကို ပြည်တွင်းတွင် ပြိုင်ပွဲလုပ်ပြီး အသေ အချာ ရွေးချယ်သွားမည်ဖြစ်ပြီး၊ အထူးသဖြင့် မြန်မာဆန်သောရုပ်ရည် နှင့် အရပ် ၅ ပေ ၆ လက်မရှိ သူကိုသာ ရွေးချယ်သွားပြီး မြန်မာပြည်အဆင့်တွင် ပြိုင်ပွဲဝင်များ မက်လောက်စရာ ထိုက်ထိုက် တန်တန် ဆုချီးမြှင့်သွားရန် စီစဉ်ထားကြောင်း ဒေါ်စိုးယုဝေက ရှင်းပြသည်။

၁၉၅၂ ခုနှစ်ကတည်းက စတင်ခဲ့သော မယ်စကြ၀ဠာသည် ကမ္ဘာတွင် အမြင့်ဆုံး အလှမယ်ရွေးချယ်ပွဲဖြစ်ပြီး သန်းကြွယ်သူဌေးကြီး ဒေါ်နယ်လ်ထရမ့်က ထိုပြိုင်ပွဲကို ပံ့ပိုးကူညီထားသည်။

မြန်မာနိုင်ငံတွင် တော်လှန်ရေးအစိုးရမတိုင်မီက ရှန်ဟဲမယ်၊ မေရီမြင့် စသော မြန်မာမယ်အချို့ ပြည်ပသို့ထွက်၍ မယ်ပြိုင်ပွဲဝင်ခဲ့မှုများ ရှိပါသည်။ တော်လှန်ရေးအစိုးရလက်ထက်တွင် မယ်ပြိုင်ပွဲများ မကျင်းပခဲ့သော်လည်း စစ်အစိုးရလက်ထက်တွင် လက်ပြတ်အင်္ကျီပုံစံများဖြင့် မယ်ပြိုင်ပွဲများကို ပြန်လည်ကျင်းပလာခဲ့သည်။ မယ်စကြ၀ဠာ စသော မယ်ပြိုင်ပွဲများမှာ ရက်ရှည်ကြာစွာ အဆင့်အမျိုးမျိုးနှင့် ပြိုင်ရသော ပြိုင်ပွဲများဖြစ်ပြီး ရေကူးဝတ်စုံနှင့် သီးသန့်ပြိုင်ရသော ယှဉ်ပြိုင်မှုလည်း ပါဝင်ပါသည်။

၂၀၁၂ တွင် ဂျပန်နိုင်ငံ၌ ကျင်းပသော Miss International ပြိုင်ပွဲသို့ မြန်မာနိုင်ငံကိုယ်စားပြု နန်းခင်ဇေယျာ ၀င်ရောက်ယှဉ်ပြိုင်ခဲ့ပြီး မြန်မာပရိသတ်အားပေးမှုဖြင့် Miss Internet ဆုကို ဆွတ်ခူးနိုင်ခဲ့သည်။ Miss International ပြိုင်ပွဲကို မြန်မာနိုင်ငံအနေနှင့် ၁၉၆၁ ခုနှစ်တွင် နောက်ဆုံးဝင်ပြိုင်ခဲ့ပြီး နှစ်ပေါင်း ၅၀ ကျော် ကြာပြီးမှ ၂၀၁၂ ခုနှစ်တွင် ပြန်လည်ဝင်ရောက်ယှဉ်ပြိုင်ခဲ့ခြင်းဖြစ်သည်။

အင်တာနက်သုံးစွဲသူ ဆယ့်တစ်သိန်းကျော်တွင် ဖုန်းဖြင့် သုံးသူ ကိုးသိန်းကျော်ရှိ


မြန်မာနိုင်ငံတွင် ယခုနှစ် ဇွန်လအထိ အင်တာနက် သုံးစွဲသူဦးရေ ၁၁ သိန်းကျော် ရှိပြီး မိုဘိုင်းဖုန်းနှင့် သုံးစွဲသည့် ဦးရေမှာ ၉၀ ရာခိုင်နှုန်းခန့် ရှိလာကြောင်း မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ သတင်းရရှိသည်။ ပြည်တွင်း၌ အင်တာနက်သုံးစွဲသူ များပြားလာပြီး ယခုအခါ မိုဘိုင်းဖုန်းဖြင့် အင်တာနက် လျှောက်ထားမှုများမှာ လွယ်ကူပြီး တစ်သောင်းကျပ်သာ ကျသင့်ခြင်းကြောင့် လျှောက်ထားသူ ပိုမိုတိုးလာရာ နောက်လများတွင် ယခု အင်တာနက် သုံးစွဲသူထက် သိသိသာသာ ထပ်မံ တိုးလာဖွယ်ရှိကြောင်း မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ အင်ဂျင်နီယာချုပ် တစ်ဦးက ပြောသည်။ “အခု ဇွန်လကုန်အထိ နောက်ဆုံးရရှိထားတဲ့ စာရင်းအရဆိုရင် လူဦးရေ ၁၁ သိန်းကျော်လောက်ရှိပြီ။ ဒါတောင် ဇူလိုင်လက စာရင်း မရသေးဘူး။ ပိုတော့ များလာမှာပါ” ဟု ၎င်းကပြောသည်။

လက်ရှိ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၏ စာရင်းများအရ မိုဘိုင်းဖြင့် အင်တာနက် သုံးစွဲသူများတွင် GSM ဖုန်းများဖြင့် လျှောက်ထားသုံးစွဲသူ ရှစ်သိန်းကျော်ရှိပြီး CDMA အမျိုးအစား ဖုန်းများအားလုံး လျှောက်ထားသုံးစွဲသူ တစ်သိန်းနှစ်သောင်းကျော် ရှိကာ မိုဘိုင်းဖုန်းဖြင့် အင်တာနက်သုံးသူ စုစုပေါင်း ကိုးသိန်းကျော် ရှိနေပြီဖြစ်ကြောင်း သတင်းရရှိသည်။ ထို့အပြင် ADSL ဖြင့် လိုင်းပေါင်း ၆၆၀၀ ကျော်ရှိရာ ADSL တစ်လိုင်းလျှင် ၁၀ ဦးနှုန်းဖြင့် တွက်ချက်ထားပြီး ထိုလိုင်းများ အားလုံးပေါင်း လူဦးရေ ၆၆၀၀ ကျော်ဖြင့် စာရင်းပြုစုထားခြင်းကြောင့် လက်ရှိတွင် အင်တာနက် သုံးစွဲသူ စုစုပေါင်း လူဦးရေ ၁၁ သိန်းကျော် ရှိနေခြင်း ဖြစ်သည်ဟု အဆိုပါ အင်ဂျင်နီယာချုပ်က ပြောသည်။

ယခင်က မိုဘိုင်းအင်တာနက် လျှောက်ထားမှုကို မြန်မာ့ဆက်သွယ်ရေး ရုံးများတွင် သွားရောက် လျှောက်ထားရသော်လည်း သြဂုတ်လမှ စတင်၍ မိုဘိုင်းဖုန်းမှတစ်ဆင့် မက်ဆေ့ခ်ျပို့ လျှောက်ထားနိုင်ရာ စတင်လျှောက်ထားရသည့် နေ့၌ပင် လူဦးရေ ၇၀၀၀ ကျော် လျှောက်ထားခဲ့ကြောင်း သိရသည်။ မြန်မာနိုင်ငံ၌ အင်တာနက် သုံးစွဲမှုအနေဖြင့် ၁၉၉၈ ခုနှစ်တွင် တစ်နိုင်ငံလုံး အင်တာနက် သုံးစွဲသူ လေးဦးသာ ရှိခဲ့ပြီး ၂၀၀၈ ခုနှစ်၊ မတ်လတွင် အင်တာနက် သုံးစွဲသူ ၇၈၀၁၀ ဦး၊ ၂၀၀၉ ခုနှစ် မတ်လတွင် ၉၃၅၈၅ ဦး၊ ၂၀၁၀ ပြည့်နှစ် မတ်လတွင် ၃၅၁၃၉၀ ဦး သုံးစွဲမှုရှိပြီး ၂၀၁၁ ခုနှစ်တွင် အင်တာနက်သုံးစွဲသူ လေးသိန်းနီးပါး ရှိလာကြောင်း မြန်မာ့ဆက်သွယ်ရေး၏ စာရင်းများအရ သိရသည်။

အသက်အရွယ် ရလာတာနဲ့ အမျှ အတွေးအခေါ်တွေ ပြောင်းလဲ လာတဲ့ ဂျောက်ဂျက်

'တိုင်းသိပြည်သိ' ဒုတိယ တစ် ကိုယ်တော်အခွေထွက်ရှိထားပြီ ဖြစ် တဲ့ ဂျောက်ဂျက်က မိုးရာသီကာလ မှာ သီချင်းအသစ်တွေ သွင်းဖြစ်နေ ပြီး 'တိုင်းသိပြ...ည်သိ' အမ်တီဗီကို ရိုက်ကူးနေပါတယ်။သီချင်း တွေသွင်း ရင်း၊ တစ်ကိုယ်တော်အခွေအတွက် အမ်တီဗီတွေလည်း ရိုက်ကူးရင်း နယ် ရှိုးပွဲတွေလည်း လိုက်ဆိုဖြစ်နေတဲ့ ဂျောက် ဂျက်က နယ်မှာသီချင်း သွားဆိုရတဲ့ အမှတ်တရတွေကို ပြောပြတာက "နယ် တွေတော့ အများကြီး သွားဖြစ်တယ်။ မြန်မာ ပြည်မှာ မြို့ ၅ဝလောက်ရှိရင်၊ ၃ဝလောက်သွားပြီး သီချင်းဆိုဖြစ် တယ်။ မြို့တွေထဲမှာ ပခုက္ကူမြို့က ကျွန်တော့် အမာခံပရိ သတ်တွေ အများဆုံးရှိတယ်လို့ထင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ ပခုက္ကူမှာ သီချင်းဆိုတာ ဒီနှစ်နဲ့ဆို ၄၊ ၅နှစ်လောက် ရှိပြီ။ ကျွန်တော့်ကိုအားပေး ကြတယ်။ အမာခံတွေပေါ့" လို့ ပြောပါတယ်။

'တိုင်းသိပြည်သိ' အခွေထဲက ဂျောက် ဂျက်ရဲ့ ဘဝအကြောင်းကို ဆိုထားတဲ့ 'ဘုရားပေးတဲ့လက်ဆောင်' သီချင်းက လည်း ပရိသတ်နှစ်ခြိုက် အားပေးတဲ့ သီချင်း တစ်ပုဒ်ဖြစ်လာခဲ့ပါတယ်။ 'ဘုရားပေးတဲ့ လက်ဆောင်' သီချင်းက ဘဝမှာ နှစ်ခါပြန် ပြီးရေးလို့မရတော့တဲ့ သီချင်းဖြစ်ကြောင်း ကို "ကျွန်တော့်ဘဝမှာ နောက်ထပ်တစ်ခါ ထပ်မရနိုင်တော့ဘူး။ဒါက ကျွန်တော့် ဘဝတစ်ခုလုံးကို ရေးထားတာဖြစ်တဲ့ အတွက်ကြောင့်ပါ။ ဒီ့ထက်ကောင်းတဲ့ သီချင်းလည်းထွက်လာချင်မှ ထွက်လာ တော့မယ်" လို့ ဂျောက်ဂျက်ကပြော ပါတယ်။ ဂီတလောကထဲမှာ အချိန် ကြာလာတာနဲ့အမျှ အရင်တုန်းကလို သီချင်းတစ်ပုဒ်ကို ပြီးစလွယ်မဖန်တီး တော့ဘဲအဓိပ္ပာယ်ပြည့်ဝပြီး ရသမြောက် တဲ့ စာသားတွေနဲ့ ဖန်တီးရေးသားဖြစ်ပုံ ကို "ကျွန်တော် ဂီတလောကထဲကို ၂ဝဝ၄မှာစဝင်ခဲ့တာ။ အခု၂ဝ၁၃ ရောက်သွားပြီ။ ကျွန်တော် အရင်ကလို ပေါက်ကရတွေမဆို ဖြစ်တော့ဘူး။ ပေါက်ကွဲ တဲ့အချိန်မှာ ပေါက်ကွဲတဲ့ သီချင်းတွေဆိုဖြစ်တယ်။ အသက် ၂၅ နှစ်ကျော် လာချိန်မှာ သီချင်း တစ်ပုဒ်ရေးတော့မယ်ဆိုရင် တော် တော်စဉ်းစားတယ်။ အရင်ကလို သီချင်းတစ်ပုဒ်ကို ကျွန်တော့်နဲ့ကျွန်တော့် အသိုင်းအဝိုင်းက လူတွေ ကြိုက်ရင်ပြီး ရောလုပ်တယ်။ အသက်အရွယ် ကြီးလာ တာနဲ့အမျှ အတွေးအခေါ်တွေ၊စာသား တွေက အစပြောင်းလဲလာတယ်" လို့ ဂျောက်ဂျက်ပြောပါတယ်။

သတင်းလူသား (သို့ မဟုတ်) စိန်ခေါ်မှုတွေ နှင့် ဒါရိုက်တာဝိုင်း


Photo: သတင်းလူသား (သို့ မဟုတ်) စိန်ခေါ်မှုတွေ နှင့် ဒါရိုက်တာဝိုင်း Monday, August 12, 2013  ၁၉၉၂ခုနှစ်ကတည်းက အနုပညာလောကထဲကို 'အဉ္ဇလီ' ဇာတ် ကားဖြင့် စတင်ဝင်ရောက်ခဲ့သူ ဇာတ်ပို့နေရာ၊ ဒုတိယမင်းသားနေရာ များကို ပိုင်နိုင်စွာ သရုပ်ဆောင်နိုင်ခဲ့ပြီး ဒါရိုက်တာအဖြစ် လည်း အောင်မြင် မှုရရှိနေသူကသရုပ်ဆောင်ဒါရိုက်တာဝိုင်းပဲဖြစ်ပါတယ်။ကျရာဇာတ်ရုပ်ကိုသရုပ်ဆောင်နိုင်သလို ကိုယ်ဖန်တီးချင် တဲ့ အနုပညာကိုလည်း ကိုယ်တိုင် ဖန်တီးရိုက်ကူးနေပါတယ်။ ဒါရိုက်တာဝိုင်းရိုက်ကူးခဲ့တဲ့ ဗီဒီယိုဇာတ်ကား များဟာ လူငယ် ဆန်တဲ့ ရိုမန့်တစ်ဇာတ်ကားများဖြစ်ပြီး သူရိုက်ကူးခဲ့တဲ့ 'အာဒမ်ရယ်၊ဧဝရယ်၊ဒသရယ်' ရုပ်ရှင်ဇာတ်ကားကြီးက အကယ်ဒမီ ဆုပေါင်းများစွာကို ၂ဝ၁ဝပြည့်နှစ်အတွက် ရှိခဲ့ပါတယ်။ သူ့ဘဝအမှတ်တရ၊ အတွေ့အကြုံများကို သတင်းလူသားအဖြစ် တင်ဆက်လိုက်ပါတယ်။   ► ဇာတ်ပို့ဘဝ  ဒါရိုက်တာမောင်သီရိုက်ကူး ခဲ့တဲ့ 'ရွှေအိမ်မှာနားစေခဲ့သော' ဇာတ် ကားမှာ အမှတ်တရတွေ ရှိခဲ့တယ်။ အရင်တုန်းက ထက်မြက်ဆိုတဲ့ နာ မည်နဲ့ သရုပ်ဆောင်ခဲ့တယ်။ ဝိုင်းဆို တဲ့ နာမည်က အိမ်နာမည်ပါ။ အဲဒီ ဇာတ်ကားရိုက်ကူးတဲ့ အချိန်မှာ ဝိုင်း ဆိုပြီး နာမည်ပြောင်းခဲ့တယ်။ ဇာတ် ကားထဲက ဇာတ်ကောင်ရဲ့ နာမည် ကလည်း ဝိုင်းပဲဖြစ်တယ်။ အဲဒီ ဇာတ်ကားကအအောင်မြင်ဆုံးကား တွေထဲက တစ်ကားပါ။ ဝိုင်းဆိုတဲ့ နာမည်ရဖို့ တော်တော်လေးကြိုးစားခဲ့ ရတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒုတိ ယမင်းသားဖြစ်နေလို့လေ။  ဒုတိယ မင်းသားဆိုတဲ့နေရာမှာ ပရိသတ် အားပေးမှုကတော်တော်လေးကို ခက် ခဲတယ်လေ။ ဒီနိုင်ငံမှာ ရေးသားတဲ့ ဇာတ်အိမ်တွေက မင်းသား၊ မင်းသမီး ကို ဦးစားပေးတာများတယ်။ ဥပမာ- Second နေရာကို ဇာတ်အိမ် ကောင်းရင် မင်းသားကြီးတွေ လုပ်တာများတယ်။ ဇာတ်ပို့တွေကို သရုပ်ဆောင်မခိုင်းဘူး။ ကိုယ်တွေကို သိပ်မခိုင်းဘူး။ ဒါကြောင့် ကိုယ်ရ တဲ့ နေရာလေးမှာ အနုပညာဗီဇကို ပေါ် လွင်အောင် ဘယ်လိုလုပ်မလဲဆိုပြီး အနုပညာဝမ်းစာကို ဖြည့်ခဲ့ရတယ်။  ► Music (MTV) ဒါရိုက်တာဘဝ  ဇာတ်ပို့ဘဝ၊ဒုတိယမင်းသား ဘဝက ရေရှည်မှာ ဘဝအာမခံချက် လည်း သိပ်မရှိဘူး၊ မျက်နှာလည်း ငယ်ရတယ်၊ ကိုယ့်ရည်မှန်းချက်က အစကတည်းက ဒီလိုမျိုးမဟုတ်ဘူး။ ဒါကြောင့် အသက်၂၅နှစ်ပြည့်တဲ့ အချိန်မှာ ကြိုတင်ပြင်ဆင်ခဲ့တယ်။  ဇာတ်ညွှန်းရေးတာသင်တယ်။ ဒါရိုက် တာလုပ်မယ်ဆိုလည်း သူများနဲ့မတူ ညီတဲ့ ပုံစံမျိုးပဲ လုပ်ချင်ခဲ့တယ်။ ဒါ ကြောင့်အသက်၃ဝပြည့်တဲ့အခါ ဒါရိုက်တာ စလုပ်ခဲ့တယ်။ လုပ်တော့ လည်းအမှတ်တရတွေရှိခဲ့တယ်။ သင် ခဲ့ရတော့ရုပ်ရှင်ဗီဒီယိုဇာတ် ညွှန်း ပညာကို၊စပြီးလုပ်ရတော့Music (MTV) မှာ လုပ်ရတယ်။ ကိုယ်လည်း မသိ နားမလည်တဲ့ဘဝကို သွားလုပ် ခဲ့ရတယ်။ အခက်အခဲတွေ အများကြီးရှိခဲ့ပေမယ့် အောင်မြင်စွာ ကျော် ဖြတ်နိုင်ခဲ့တယ်။ နာမည်တစ်လုံးရ တဲ့အချိန်မှာ အဲဒီMusic (MTV) ဒါရိုက်တာအလုပ်ကို ထားခဲ့တယ်။ ဒါရိုက်တာလုပ်မယ်လို့ ရည်ရွယ် ကတည်းက ကိုယ်လုပ်တဲ့ အလုပ်ကို အောင်မြင်စွာပဲ လုပ်ချင်ခဲ့တာလေ။ အဲဒီအချိန်တုန်းကလည်း သီချင်းတစ် ပုဒ်ကို ဒါရိုက်တာလုပ်ရင် ဘယ် လောက်မှ ရတာမဟုတ်ဘူး။ ဒါပေမဲ့ ကောင်းစေချင်တဲ့အတွက် တစ်လကို တစ်ပုဒ်လောက်ပဲ ရိုက်ကူးဖြစ် တယ်။ သီချင်းရိုက်ကူးတဲ့ ဒါရိုက်တာ ဘဝ မှာ အောင်မြင်နေချိန် ရုပ်ရှင်၊ဗီ ဒီယိုဒါရိုက်တာအဖြစ် ကမ်းလှမ်းမှု တွေ ရှိခဲ့တယ်။  ► ရုပ်ရှင်၊ဗီဒီယို ဒါရိုက်တာဘဝ  ပထမဦးဆုံးအနေနဲ့ စိုင်းစိုင်း ကမ်းလှမ်းမှုကို လက်ခံခဲ့တယ်။ အဲဒီ ရှေ့မှာကမ်းလှမ်းတဲ့ကုမ္ပဏီတွေ အ များကြီးရှိခဲ့တယ်။ဒါပေမဲ့မရိုက်ခဲ့ ဘူး။ ဘာဖြစ်လို့လဲဆိုတော့ အလုပ်ကို ရွေးလုပ်ပြီး ကောင်းမယ်ထင်တဲ့ဟာ ကိုသေချာလေးလုပ်ချင်တာလည်း ပါတယ်။  အလုပ်တိုင်းသာ လိုက်လုပ် နေရင် ဒီအချိန်မှာ ဒီလိုအခြေအနေ ဖြစ်လာ စရာကြောင်းမရှိဘူး။ သရုပ် ဆောင်ဘဝထက် ဒါရိုက်တာဝိုင်း အဖြစ် ပရိသတ်သိတာကလည်း ခံ ယူချက်ရယ်၊ အလုပ်ပေါ်ထားတဲ့ စိတ်နဲ့ ကိုယ့်ရဲ့ပရိသတ်ကိုပေးချင် တဲ့အကြောင်းအရာက တိုက်ရိုက် အချိုးကျပါတယ်။ အဲဒီဟာနဲ့ တန်ဖိုး ညီတဲ့ဘဝတစ်ခုကို ပြန်ရတာပါ။ သရုပ်ဆောင်ဘဝတုန်းက တော် တော်ဆိုးဆိုးရွားရွားပဲ။ စာရိတ္တပိုင်း ဆိုင်ရာလည်း လုံးဝသုညပါပဲ။ ဟီး ရိုးဖြစ်အောင် လုပ်ဖို့ တော်တော် ခက်ပါတယ်။ ပထမဦးဆုံး ရုပ်ရှင် ဇာတ်ကားဒါရိုက်တာအဖြစ် 'ကျောက်စက်ရေ' ဇာတ်ကားကို မြင့် မြတ်၊မေသန်းနု၊စိုးမြတ်သူဇာ၊ ထွန်း အိန္ဒြာဗိုတို့နဲ့ ရိုက်ကူးခဲ့တယ်။ အဲဒီ ဇာတ်ကားရိုက်တုန်းက ရုပ်ရှင်နဲ့ ပတ်သက်ပြီး အတွေ့အကြုံတွေ တော်တော်လေးရခဲ့တယ်။ ဒီဇာတ် ကားကပေးတဲ့ သင်ခန်းစာတွေနဲ့ ရုပ်ရှင်ဇာတ်ကားတစ်ကား ကို အောင် မြင်အောင် ဘယ်လို ရိုက်ကူးရမလဲ ဆိုတာသိခဲ့ရတယ်။ ဒီကားမှာ Editing နဲ့ပတ်သက်ပြီး အကယ်ဒမီ ဆုဆွတ်ခူးပေးခဲ့နိုင်ခဲ့တဲ့အ တွက် ဝမ်း သာတယ်။ ဒုတိယဇာတ်ကားဖြစ်တဲ့ အာဒမ်ရယ်၊ဧဝရယ်၊ ဒသရယ်မှာ အကယ်ဒမီအများကြီး ရခဲ့ပေမယ့် ဒါရိုက်တာဆုလွဲခဲ့တယ်။ အကယ်ဒမီ နဲ့ပတ်သက်ပြီး ပြောနေကျစကားတစ် ခွန်းရှိတယ်။အဲဒါက ဘာလဲဆိုရင် 'အဲဒီ အခန်းဖြတ်' ဇာတ်ကားကို ရိုက်ပြီး မြန်မာနိုင်ငံ ရဲ့မှားယွင်းနေတဲ့ ရုပ်ရှင် ဆင်ဆာစနစ်ကို ကမ္ဘာကို အကောင်း ဆုံးပြနိုင် ခဲ့တယ်။ အဲဒီ့အတွက် အကယ်ဒမီအကြောင်းဆိုရင် မမေး ပါနဲ့လို့ ပြောတယ်။ လက်ရှိစံနှုန်းတွေ၊ အဲဒီအချိန်တုန်းက လူတွေက ခုချိန် ထိ ရှိနေတုန်းပဲ။ အာဒမ်၊ဧဝ၊ဒသ ရုပ်ရှင်ဇာတ်ကားမှာ မင်းသားဆု၊ မင်းသမီးဆုက ဒါရိုက်တာညွှန်ပြမှု မကောင်းဘဲအကယ်ဒမီမရနိုင်ပါ ဘူး။ အဲဒီလိုပဲ ထုတ်လုပ်သူ(ဇာတ် ကားဆု)ဆိုတာကလည်း ဒါရိုက်တာ ရဲ့ ဇာတ်ကား တစ်ကားလုံးတင်ပြပုံ ကောင်းလို့သာရတာပါ။ ဒါပေမဲ့ အဲ ဒီနှစ်မှာ ဒါရိုက် တာကျန်ခဲ့ပါတယ်။ ဒီလိုပဲ နောက်ရိုက်ကူးတဲ့ ရုပ်ရှင် ဇာတ်ကားတွေကို လည်း မျှော်လင့်ချက်သိပ်မထားတော့ပါဘူး။ တစ်နဲ့ တစ်ပေါင်းရင်း နှစ်ရတာ နည်းနည်း ခက်ချင်ခက်နေလိမ့်မယ်။ ဒါပေမဲ့ အကယ်ဒမီပုစ္ဆာကတွက်ရတာ လွယ် ပါတယ်။ အဲဒီအခန်းဖြတ်ဖန်တီးတဲ့ ဒါရိုက်တာကို အကယ်ဒမီမပေးပါ နဲ့ဆို လုံလောက်ပါတယ်။  ► ငွေကြေးနဲ့ဂုဏ်သိက္ခာ  ဒီနှစ်ခုက ကွာခြားချက်ရှိပါ တယ်။ ငွေကြေးဆိုတာ ဂုဏ်သိက္ခာ နဲ့ မဆိုင်ပါဘူး။ တကယ်တမ်းဂုဏ် သိက္ခာရှိတဲ့သူက ငွေကြေးမရှိလည်း ရပ်တည်လို့ရပါတယ်။ ဘယ်လိုပြောမ လဲ မြန်မာနိုင်ငံရဲ့ စနစ်ဆိုးအောက် က သင်ကြားပေးလိုက်တဲ့အတွေ့ အကြုံရှိတဲ့သူကို ပိုပြီး ဦးစားပေးကြ တာများတယ်။ ကျွန်တော့်အမြင်က ငွေကြေးရှိတာထက် ဂုဏ်သိက္ခာရှိ တာကို ပိုလိုလားတယ်။ ငွေရှိဖို့ အတွက်ဆိုရင် ဇာတ်ကားတိုင်း ကို ကောင်းကောင်း၊မကောင်းကောင်း ရိုက်ကူးနေမှာပဲလေ။ ဂုဏ်သိက္ခာရှိဖို့ ဆိုရင် ကောင်းတဲ့ဇာတ်ကားတွေပဲ ရိုက်ကူးမှာလေ။  အဲဒီ့အခါကျတော့ ငွေရှာဖို့အတွက် လိပ်ပြာမသန့်တော့ ဘူးလေ။ မကောင်းတဲ့ အလုပ်ကို ဇွတ်မလုပ်ချင်ဘူး။ ငွေကြေးဆိုတာက တော့ ဘုရားပေးသလောက်ပဲရမှာပဲ လေ။ ဂုဏ်သိက္ခာဆိုတာကတော့ ကိုယ့်ရဲ့ရိုးသားမှုကြောင့်ရတဲ့ အ တွက်ပိုတန်ဖိုးထားမက်မောမိတယ်။ လူတစ်ယောက်နဲ့တစ်ယောက်မှာ ဘဝပေးအခြေအနေတွေမတူ ညီတာ တွေရှိမယ်။ခံယူချက်တွေ၊ ယုံကြည် ချက်တွေ မတူညီတာတွေရှိမယ်။ ဘယ်တော့မှလည်းတူညီနိုင်မှာ မဟုတ်ဘူး။  ► အကယ်ဒမီဆုအရယူမယ့်သူ  အကယ်ဒမီဆုကို အရည်အချင်း ရှိစွာ ရယူမယ်လို့ ကြွေးကြော်ခဲ့ဖူး တယ်။ ဒါကလည်း ရှင်းပါတယ်။ ပရိသတ်ကို ရယူမယ်လို့ပြောလိုက် ကတည်းက ကြိုးစားတော့မှာပါ။ အဲ ဒီလို ကြိုးစားတဲ့အတွက် ပရိသတ်က လည်း အသိအမှတ်ပြုခဲ့တယ်။ အကယ်ဒမီမပေးတာကို မပြောဘူး နော်။ အခုလက်ရှိမှာ လက်ပံဇာတ် ကားတင်ထားတယ်။ အဲဒီဇာတ်ကား နဲ့ပတ်သက်ပြီး ပရိသတ်အသံတွေ၊ comment တွေ ကြားနေရ တယ်။ လောလောဆယ် ပရိသတ်ကအသိ အမှတ်ပြုနေရင်ကျွန်တော့်စကား အတိုင်းလုပ်ပြနေတာပါပဲ။  ► အောင်မြင်မှုလျှို့ဝှက်ချက်  အနုပညာအလုပ်စလုပ်က တည်းက အခက်အခဲတွေ၊ စိန်ခေါ်မှု တွေေ တ်ာတော်များခဲ့တယ်။ဒါတွေ ကိုကျော်ဖြတ်ဖို့ကစိတ်ဓာတ်ခိုင်မာမှု နဲ့ယုံကြည် မှုပါပဲ။ငါဟာရိုးသား တယ်။ငါ့လုပ်ရပ်ကမှန်တယ်ဆိုရင် ဘယ်သူ့မှ ကြောက် စရာမလိုပါဘူး။ အဲဒီ့ယုံကြည်ချက်နဲ့စိတ်ဓာတ်က အ ရေးကြီးပါတယ်။ ကိုယ့်လိပ်ပြာ ကိုယ် သန့်ပြီး ရိုးသားဖို့လိုပါတယ်။ဒါတွေ ရှိနေရင်ဘယ်လို အခက်အခဲတွေ၊စိန် ခေါ်မှုတွေကိုမဆိုကြောက်ရွံ့နေမှာ မဟုတ်ပါဘူး ။ရိုးသားတဲ့လူက တိုက်ရဲ ခိုက်ရဲတယ်။စိန်ခေါ်ရဲတယ်။အနု ပညာအရည် အသွေးကိုလည်း ပရိ သတ်ကဆုံးဖြတ်မှာပါ။လိုအပ်ချက်ရှိ ရင်လည်း သူတို့ကပဲ ဝေဖန်မှာပါ။  Popular Journal
၁၉၉၂ခုနှစ်ကတည်းက အနုပညာလောကထဲကို 'အဉ္ဇလီ' ဇာတ် ကားဖြင့် စတင်ဝင်ရောက်ခဲ့သူ ဇာတ်ပို့နေရာ၊ ဒုတိယမင်းသားနေရာ များကို ပိုင်နိုင်စွာ သရုပ်ဆောင်နိုင်ခဲ့ပြီး ဒါရိုက်တာအဖြစ် လည်း အောင်မြင် မှုရရှိနေသူကသရုပ်ဆောင်ဒါရိုက်တာဝိုင်းပဲဖြစ်ပါတယ်။ကျရာဇာတ်ရုပ်ကိုသရုပ်ဆောင်နိုင်သလို ကိုယ်ဖန်တီးချင် တဲ့ အနုပညာကိုလည်း ကိုယ်တိုင် ဖန်တီးရိုက်ကူးနေပါတယ်။ ဒါရိုက်တာဝိုင်းရိုက်ကူးခဲ့တဲ့ ဗီဒီယိုဇာတ်ကား များဟာ လူငယ် ဆန်တဲ့ ရိုမန့်တစ်ဇာတ်ကားများဖြစ်ပြီး သူရိုက်ကူးခဲ့တဲ့ 'အာဒမ်ရယ်၊ဧဝရယ်၊ဒသရယ်' ရုပ်ရှင်ဇာတ်ကားကြီးက အကယ်ဒမီ ဆုပေါင်းများစွာကို ၂ဝ၁ဝပြည့်နှစ်အတွက် ရှိခဲ့ပါတယ်။ သူ့ဘဝအမှတ်တရ၊ အတွေ့အကြုံများကို သတင်းလူသားအဖြစ် တင်ဆက်လိုက်ပါတယ်။


► ဇာတ်ပို့ဘဝ

ဒါရိုက်တာမောင်သီရိုက်ကူး ခဲ့တဲ့ 'ရွှေအိမ်မှာနားစေခဲ့သော' ဇာတ် ကားမှာ အမှတ်တရတွေ ရှိခဲ့တယ်။ အရင်တုန်းက ထက်မြက်ဆိုတဲ့ နာ မည်နဲ့ သရုပ်ဆောင်ခဲ့တယ်။ ဝိုင်းဆို တဲ့ နာမည်က အိမ်နာမည်ပါ။ အဲဒီ ဇာတ်ကားရိုက်ကူးတဲ့ အချိန်မှာ ဝိုင်း ဆိုပြီး နာမည်ပြောင်းခဲ့တယ်။ ဇာတ် ကားထဲက ဇာတ်ကောင်ရဲ့ နာမည် ကလည်း ဝိုင်းပဲဖြစ်တယ်။ အဲဒီ ဇာတ်ကားကအအောင်မြင်ဆုံးကား တွေထဲက တစ်ကားပါ။ ဝိုင်းဆိုတဲ့ နာမည်ရဖို့ တော်တော်လေးကြိုးစားခဲ့ ရတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒုတိ ယမင်းသားဖြစ်နေလို့လေ။

ဒုတိယ မင်းသားဆိုတဲ့နေရာမှာ ပရိသတ် အားပေးမှုကတော်တော်လေးကို ခက် ခဲတယ်လေ။ ဒီနိုင်ငံမှာ ရေးသားတဲ့ ဇာတ်အိမ်တွေက မင်းသား၊ မင်းသမီး ကို ဦးစားပေးတာများတယ်။ ဥပမာ- Second နေရာကို ဇာတ်အိမ် ကောင်းရင် မင်းသားကြီးတွေ လုပ်တာများတယ်။ ဇာတ်ပို့တွေကို သရုပ်ဆောင်မခိုင်းဘူး။ ကိုယ်တွေကို သိပ်မခိုင်းဘူး။ ဒါကြောင့် ကိုယ်ရ တဲ့ နေရာလေးမှာ အနုပညာဗီဇကို ပေါ် လွင်အောင် ဘယ်လိုလုပ်မလဲဆိုပြီး အနုပညာဝမ်းစာကို ဖြည့်ခဲ့ရတယ်။

► Music (MTV) ဒါရိုက်တာဘဝ

ဇာတ်ပို့ဘဝ၊ဒုတိယမင်းသား ဘဝက ရေရှည်မှာ ဘဝအာမခံချက် လည်း သိပ်မရှိဘူး၊ မျက်နှာလည်း ငယ်ရတယ်၊ ကိုယ့်ရည်မှန်းချက်က အစကတည်းက ဒီလိုမျိုးမဟုတ်ဘူး။ ဒါကြောင့် အသက်၂၅နှစ်ပြည့်တဲ့ အချိန်မှာ ကြိုတင်ပြင်ဆင်ခဲ့တယ်။

ဇာတ်ညွှန်းရေးတာသင်တယ်။ ဒါရိုက် တာလုပ်မယ်ဆိုလည်း သူများနဲ့မတူ ညီတဲ့ ပုံစံမျိုးပဲ လုပ်ချင်ခဲ့တယ်။ ဒါ ကြောင့်အသက်၃ဝပြည့်တဲ့အခါ ဒါရိုက်တာ စလုပ်ခဲ့တယ်။ လုပ်တော့ လည်းအမှတ်တရတွေရှိခဲ့တယ်။ သင် ခဲ့ရတော့ရုပ်ရှင်ဗီဒီယိုဇာတ် ညွှန်း ပညာကို၊စပြီးလုပ်ရတော့Music (MTV) မှာ လုပ်ရတယ်။ ကိုယ်လည်း မသိ နားမလည်တဲ့ဘဝကို သွားလုပ် ခဲ့ရတယ်။ အခက်အခဲတွေ အများကြီးရှိခဲ့ပေမယ့် အောင်မြင်စွာ ကျော် ဖြတ်နိုင်ခဲ့တယ်။ နာမည်တစ်လုံးရ တဲ့အချိန်မှာ အဲဒီMusic (MTV) ဒါရိုက်တာအလုပ်ကို
ထားခဲ့တယ်။ ဒါရိုက်တာလုပ်မယ်လို့ ရည်ရွယ် ကတည်းက ကိုယ်လုပ်တဲ့ အလုပ်ကို အောင်မြင်စွာပဲ လုပ်ချင်ခဲ့တာလေ။ အဲဒီအချိန်တုန်းကလည်း သီချင်းတစ် ပုဒ်ကို ဒါရိုက်တာလုပ်ရင် ဘယ် လောက်မှ ရတာမဟုတ်ဘူး။ ဒါပေမဲ့ ကောင်းစေချင်တဲ့အတွက် တစ်လကို တစ်ပုဒ်လောက်ပဲ ရိုက်ကူးဖြစ် တယ်။ သီချင်းရိုက်ကူးတဲ့ ဒါရိုက်တာ ဘဝ မှာ အောင်မြင်နေချိန် ရုပ်ရှင်၊ဗီ ဒီယိုဒါရိုက်တာအဖြစ် ကမ်းလှမ်းမှု တွေ ရှိခဲ့တယ်။

► ရုပ်ရှင်၊ဗီဒီယို ဒါရိုက်တာဘဝ

ပထမဦးဆုံးအနေနဲ့ စိုင်းစိုင်း ကမ်းလှမ်းမှုကို လက်ခံခဲ့တယ်။ အဲဒီ ရှေ့မှာကမ်းလှမ်းတဲ့ကုမ္ပဏီတွေ အ များကြီးရှိခဲ့တယ်။ဒါပေမဲ့မရိုက်ခဲ့ ဘူး။ ဘာဖြစ်လို့လဲဆိုတော့ အလုပ်ကို ရွေးလုပ်ပြီး ကောင်းမယ်ထင်တဲ့ဟာ ကိုသေချာလေးလုပ်ချင်တာလည်း ပါတယ်။

အလုပ်တိုင်းသာ လိုက်လုပ် နေရင် ဒီအချိန်မှာ ဒီလိုအခြေအနေ ဖြစ်လာ စရာကြောင်းမရှိဘူး။ သရုပ် ဆောင်ဘဝထက် ဒါရိုက်တာဝိုင်း အဖြစ် ပရိသတ်သိတာကလည်း ခံ ယူချက်ရယ်၊ အလုပ်ပေါ်ထားတဲ့ စိတ်နဲ့ ကိုယ့်ရဲ့ပရိသတ်ကိုပေးချင် တဲ့အကြောင်းအရာက တိုက်ရိုက် အချိုးကျပါတယ်။ အဲဒီဟာနဲ့ တန်ဖိုး ညီတဲ့ဘဝတစ်ခုကို ပြန်ရတာပါ။ သရုပ်ဆောင်ဘဝတုန်းက တော် တော်ဆိုးဆိုးရွားရွားပဲ။ စာရိတ္တပိုင်း ဆိုင်ရာလည်း လုံးဝသုညပါပဲ။ ဟီး ရိုးဖြစ်အောင် လုပ်ဖို့ တော်တော် ခက်ပါတယ်။ ပထမဦးဆုံး ရုပ်ရှင် ဇာတ်ကားဒါရိုက်တာအဖြစ် 'ကျောက်စက်ရေ' ဇာတ်ကားကို မြင့် မြတ်၊မေသန်းနု၊စိုးမြတ်သူဇာ၊ ထွန်း အိန္ဒြာဗိုတို့နဲ့ ရိုက်ကူးခဲ့တယ်။ အဲဒီ ဇာတ်ကားရိုက်တုန်းက ရုပ်ရှင်နဲ့ ပတ်သက်ပြီး အတွေ့အကြုံတွေ တော်တော်လေးရခဲ့တယ်။ ဒီဇာတ် ကားကပေးတဲ့ သင်ခန်းစာတွေနဲ့ ရုပ်ရှင်ဇာတ်ကားတစ်ကား ကို အောင် မြင်အောင် ဘယ်လို ရိုက်ကူးရမလဲ ဆိုတာသိခဲ့ရတယ်။ ဒီကားမှာ Editing နဲ့ပတ်သက်ပြီး အကယ်ဒမီ ဆုဆွတ်ခူးပေးခဲ့နိုင်ခဲ့တဲ့အ တွက် ဝမ်း သာတယ်။ ဒုတိယဇာတ်ကားဖြစ်တဲ့ အာဒမ်ရယ်၊ဧဝရယ်၊ ဒသရယ်မှာ အကယ်ဒမီအများကြီး ရခဲ့ပေမယ့် ဒါရိုက်တာဆုလွဲခဲ့တယ်။ အကယ်ဒမီ နဲ့ပတ်သက်ပြီး ပြောနေကျစကားတစ် ခွန်းရှိတယ်။အဲဒါက ဘာလဲဆိုရင် 'အဲဒီ အခန်းဖြတ်' ဇာတ်ကားကို ရိုက်ပြီး မြန်မာနိုင်ငံ ရဲ့မှားယွင်းနေတဲ့ ရုပ်ရှင် ဆင်ဆာစနစ်ကို ကမ္ဘာကို အကောင်း ဆုံးပြနိုင် ခဲ့တယ်။ အဲဒီ့အတွက် အကယ်ဒမီအကြောင်းဆိုရင် မမေး ပါနဲ့လို့ ပြောတယ်။ လက်ရှိစံနှုန်းတွေ၊ အဲဒီအချိန်တုန်းက လူတွေက ခုချိန် ထိ ရှိနေတုန်းပဲ။ အာဒမ်၊ဧဝ၊ဒသ ရုပ်ရှင်ဇာတ်ကားမှာ မင်းသားဆု၊ မင်းသမီးဆုက ဒါရိုက်တာညွှန်ပြမှု မကောင်းဘဲအကယ်ဒမီမရနိုင်ပါ ဘူး။ အဲဒီလိုပဲ ထုတ်လုပ်သူ(ဇာတ် ကားဆု)ဆိုတာကလည်း ဒါရိုက်တာ ရဲ့ ဇာတ်ကား တစ်ကားလုံးတင်ပြပုံ ကောင်းလို့သာရတာပါ။ ဒါပေမဲ့ အဲ ဒီနှစ်မှာ ဒါရိုက် တာကျန်ခဲ့ပါတယ်။ ဒီလိုပဲ နောက်ရိုက်ကူးတဲ့ ရုပ်ရှင် ဇာတ်ကားတွေကို လည်း မျှော်လင့်ချက်သိပ်မထားတော့ပါဘူး။ တစ်နဲ့ တစ်ပေါင်းရင်း နှစ်ရတာ နည်းနည်း ခက်ချင်ခက်နေလိမ့်မယ်။ ဒါပေမဲ့ အကယ်ဒမီပုစ္ဆာကတွက်ရတာ လွယ် ပါတယ်။ အဲဒီအခန်းဖြတ်ဖန်တီးတဲ့ ဒါရိုက်တာကို အကယ်ဒမီမပေးပါ နဲ့ဆို လုံလောက်ပါတယ်။

► ငွေကြေးနဲ့ဂုဏ်သိက္ခာ

ဒီနှစ်ခုက ကွာခြားချက်ရှိပါ တယ်။ ငွေကြေးဆိုတာ ဂုဏ်သိက္ခာ နဲ့ မဆိုင်ပါဘူး။ တကယ်တမ်းဂုဏ် သိက္ခာရှိတဲ့သူက ငွေကြေးမရှိလည်း ရပ်တည်လို့ရပါတယ်။ ဘယ်လိုပြောမ လဲ မြန်မာနိုင်ငံရဲ့ စနစ်ဆိုးအောက် က သင်ကြားပေးလိုက်တဲ့အတွေ့ အကြုံရှိတဲ့သူကို ပိုပြီး ဦးစားပေးကြ တာများတယ်။ ကျွန်တော့်အမြင်က ငွေကြေးရှိတာထက် ဂုဏ်သိက္ခာရှိ တာကို ပိုလိုလားတယ်။ ငွေရှိဖို့ အတွက်ဆိုရင် ဇာတ်ကားတိုင်း ကို ကောင်းကောင်း၊မကောင်းကောင်း ရိုက်ကူးနေမှာပဲလေ။ ဂုဏ်သိက္ခာရှိဖို့ ဆိုရင် ကောင်းတဲ့ဇာတ်ကားတွေပဲ ရိုက်ကူးမှာလေ။

အဲဒီ့အခါကျတော့ ငွေရှာဖို့အတွက် လိပ်ပြာမသန့်တော့ ဘူးလေ။ မကောင်းတဲ့ အလုပ်ကို ဇွတ်မလုပ်ချင်ဘူး။ ငွေကြေးဆိုတာက တော့ ဘုရားပေးသလောက်ပဲရမှာပဲ လေ။ ဂုဏ်သိက္ခာဆိုတာကတော့
ကိုယ့်ရဲ့ရိုးသားမှုကြောင့်ရတဲ့ အ တွက်ပိုတန်ဖိုးထားမက်မောမိတယ်။ လူတစ်ယောက်နဲ့တစ်ယောက်မှာ ဘဝပေးအခြေအနေတွေမတူ ညီတာ တွေရှိမယ်။ခံယူချက်တွေ၊ ယုံကြည် ချက်တွေ မတူညီတာတွေရှိမယ်။ ဘယ်တော့မှလည်းတူညီနိုင်မှာ မဟုတ်ဘူး။

► အကယ်ဒမီဆုအရယူမယ့်သူ

အကယ်ဒမီဆုကို အရည်အချင်း ရှိစွာ ရယူမယ်လို့ ကြွေးကြော်ခဲ့ဖူး တယ်။ ဒါကလည်း ရှင်းပါတယ်။ ပရိသတ်ကို ရယူမယ်လို့ပြောလိုက် ကတည်းက ကြိုးစားတော့မှာပါ။ အဲ ဒီလို ကြိုးစားတဲ့အတွက် ပရိသတ်က လည်း အသိအမှတ်ပြုခဲ့တယ်။ အကယ်ဒမီမပေးတာကို မပြောဘူး နော်။ အခုလက်ရှိမှာ လက်ပံဇာတ် ကားတင်ထားတယ်။ အဲဒီဇာတ်ကား နဲ့ပတ်သက်ပြီး ပရိသတ်အသံတွေ၊ comment တွေ ကြားနေရ တယ်။ လောလောဆယ် ပရိသတ်ကအသိ အမှတ်ပြုနေရင်ကျွန်တော့်စကား
အတိုင်းလုပ်ပြနေတာပါပဲ။

► အောင်မြင်မှုလျှို့ဝှက်ချက်

အနုပညာအလုပ်စလုပ်က တည်းက အခက်အခဲတွေ၊ စိန်ခေါ်မှု တွေေ တ်ာတော်များခဲ့တယ်။ဒါတွေ ကိုကျော်ဖြတ်ဖို့ကစိတ်ဓာတ်ခိုင်မာမှု နဲ့ယုံကြည် မှုပါပဲ။ငါဟာရိုးသား တယ်။ငါ့လုပ်ရပ်ကမှန်တယ်ဆိုရင် ဘယ်သူ့မှ ကြောက် စရာမလိုပါဘူး။ အဲဒီ့ယုံကြည်ချက်နဲ့စိတ်ဓာတ်က အ ရေးကြီးပါတယ်။ ကိုယ့်လိပ်ပြာ ကိုယ် သန့်ပြီး ရိုးသားဖို့လိုပါတယ်။ဒါတွေ ရှိနေရင်ဘယ်လို အခက်အခဲတွေ၊စိန် ခေါ်မှုတွေကိုမဆိုကြောက်ရွံ့နေမှာ မဟုတ်ပါဘူး ။ရိုးသားတဲ့လူက တိုက်ရဲ ခိုက်ရဲတယ်။စိန်ခေါ်ရဲတယ်။အနု ပညာအရည် အသွေးကိုလည်း ပရိ သတ်ကဆုံးဖြတ်မှာပါ။လိုအပ်ချက်ရှိ ရင်လည်း သူတို့ကပဲ ဝေဖန်မှာပါ။

နန်းသူဇာနဲ့၂ယောက်တွဲ အခွေထွက်မယ့် နန်းမြတ်ဖြိုးသင်း


နန်းမြတ်ဖြိုးသင်းက အခု လတ်တလောမှာတော့ နန်းသူဇာနဲ့ အတူဆိုပြီး၊ သီချင်းခွေလေးကို အမြန် ဆုံးထွက်နိုင်အောင်လို့ စီစဉ် ဖြစ်နေ တယ် လို့ ပြောပါတယ်။

"နန်းမြတ်နဲ့ နန်းသူဇာနဲ့ ခင် တာကလည်း ကြာပြီ။ အဲဒီအချိန်မှာ သူကလည်း အခွေလေးလုပ်ဖို့ရှိတယ်။ နန်းမြတ်ကလည်း လုပ်ချင်တယ် ဆိုပြီး လုပ်ဖြစ်သွားတယ်။ နန်းမြတ်တို့နှစ် ယောက်စလုံး သီချင်းအမြူးေ လးတွေ များမယ်။ အနှေး၊အမြန် လေးတွေထည့် ထားပေးတယ်။ သီချင်းအပုဒ်ရေလည်း နည်းနည်း များမယ်။ ထူးထူးခြားခြား အနေနဲ့ ပရိသတ်တွေ စုံစုံလင်လင် လေး နားထောင်ရအောင်တော့ စီစဉ်ထားတယ်။ ပြီးတော့ နန်းမြတ်တို့ နှစ်ယောက်ကို သရုပ်ဆောင်အနေနဲ့ ပရိသတ် တော်တော် များများက သိကြ တယ်။ အဲဒီလို အချိန်မျိုး မှာ သရုပ် ဆောင် နှစ် ယောက်က တွဲ ပြီး သီချင်းခွေ လေးလုပ်တယ် ဆို တော့ထူးခြားမယ်လို့ ထင် ပါတယ်" လို့ပြောပါတယ်။

နန်းမြတ်ဖြိုးသင်းက သရုပ် ဆောင်ဘက်မှာ ပရိသတ်တွေက အား ပေးသလို အဆိုဘက်မှာလည်း ပရိ သတ်တွေ အားပေးမှုကိုလိုချင် ပါတယ်လို့ ဆိုပါတယ်။

"နန်းမြတ်က သီချင်းတွေ အပ် တဲ့အခါမှာလည်း ကိုယ့်ရဲ့ ခံစားချက်ကို ပြောပြီး ရေး ခိုင်းတာမျိုးတော့မရှိဘူး။ ကိုယ့်အသံနဲ့ လိုက် ဖက်မှုရှိတဲ့ အကြောင်း အရာလေးတွေကို ရေးပေး ပါတယ်။ ဒီအခွေလေးက ကိုယ့်ရဲ့ပထမဦးဆုံး အခွေလည်းဖြစ် တယ်။ သူ ငယ်ချင်းနှစ်ယောက် တစ် ယောက်တစ်ချမ်းနဲ့ ပေါင်းပြီး လုပ်ဖြစ်တာ ဖြစ်တဲ့အတွက် ပရိသတ်ကို ချပြရမှာတော့ ရင်ခုန်ပါတယ်။ ဒီသီချင်းခွေကို ပရိသတ် နားထောင်ပြီး ဘယ်လို ဝေဖန်အကြံပြုမလဲ ဆိုတာကိုလည်း အများကြီးမျှော်လင့် မိပါတယ်။ နန်းမြတ်တို့ နှစ်ယောက်စလုံးကလည်း သရုပ်ဆောင် အလုပ်ကိုစပြီး လုပ်ဖြစ်တယ်။ ဒါပေမဲ့ အဆိုဘက်ကိုလည်း အစကတည်းက ဝါသနာပါတယ်။ အဲဒါကြောင့်လည်း ပရိသတ်ကို ချပြဖို့ အထိဖြစ်လာတာပါ။

အဲဒီအတွက် ပရိသတ်ကြီးကလည်း နန်းမြတ်တို့ နှစ်ယောက်ရဲ့
ကြိုးစားမှုလေးကို တစ်ချက်လောက်တော့ နားထောင်ကြည့်ပေးပါ။ အများကြီးလည်း ကြိုးစား ထားပါတယ်။ နန်းမြတ်တို့ ဒီအခွေလေးကို စီစဉ်နေ တာတော့ ကြာပါပြီ။ အခု အခွေထွက်ဖို့ နီးလာတဲ့အတွက် နန်းမြတ်တို့ သူငယ်ချင်းနှစ်ယောက် ပေါင်းပြီး စီစဉ်ဖြစ်နေတာကို
အခွေထွက်ခါနီးမှ ပရိသတ်တွေ ရိုးမသွားဘဲ ထူးခြားသွားအောင် အသိပေး ဖြစ်တာပါ" လို့ ပြောပါတယ်။

မျိုးစောင့်ဥပဒေကို လွှတ်တော် တင်ရန် NDF ပါတီတာဝန်ယူ


 https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEixp8BxfDsNm25TgOFztV7y2ThJb8xlcBCA8KV2atd-Ghyphenhyphenl7FqSoLlDC8rHny1AIM3J6taNqj0uq2iq6vrzD4YC6ZkU4F7G3td54RbqTiRVbIkHIKi4LmIj_t0pCIjzOu7JWS5cVBOMTd8/s1600/1006320_616700978370544_2137341980_n.jpg
မျိုးစောင့် ဥပဒေကို NDF ပါတီ၏ အမျိုး သားလွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်ဝိုင်းကြည်က လွှတ်တော် တွင် တာဝန်ယူတင်သွင်းမည်ဖြစ် ကြောင်း ရန်ကုန်တိုင်းမ်နေ့စဉ် သတင်းစာသို့ ထုတ်ဖော်ပြော ကြားလိုက်သည်။ ''တိုင်းပြည်အကျိုးရှိမယ်၊ လူမျိုးကောင်းစားမယ်ဆိုရင်ဘာ မှ နောက်တွန့်နေစရာမလိုဘူး။ အန်တီ ဒီဥပဒေကို လွှတ်တော်မှာ တင်ပေးမယ်။ သတ္တိရှိစွာနဲ့ တင် သွားမှာပါ''ဟု ပြောသည်။

ဆက်လက်ပြီး ယင်းက ''ကန့် ကွက်နေတဲ့သူတွေကိုလဲ ပြောချင် တာက သေချာလေ့လာပြီးမှ ဒါနဲ့ ပတ်သက်တဲ့ မှတ်ချက်ကောင်း တယ် မကောင်းဘူး ပြောကြပေါ့။ အခုတော့ ဘာမှန်းမသိဘဲ ကန့် ကွက်နေကြတယ်''ဟု ပြောသည်။ မြန်မာ အမျိုးသမီး များ၏ ဆုံးရှုံးနစ်နာမှုများကို ကာကွယ် နိုင်ရန်အတွက် သိက္ခာတော်ရ ဆရာတော်ကြီးများ ဦးဆောင်၍ မျိုးစောင့်ဥပဒေ ဖြစ်မြောက်ရေး အတွက် ဝိုင်းဝန်းဆောင်ရွက်နေ ချိန်တွင် ယင်းဥပဒေနှင့် ပတ်သက် ၍ အရပ်ဘက် လူမှု အဖွဲ့ အစည်း များ၊ နိုင်ငံရေးပါတီများ၊ ပြည်သူ များ၊ လွှတ်တော်ကိုယ်စားလှယ် များကြား သဘောထား ကွဲလွဲမှု များ ရှိနေသည်။


ယင်းဥပဒေအား လွှတ် တော်တွင် တာဝန်ယူတင်ပြပေး မည့် လွှတ်တော်ကိုယ်စားလှယ် မရှိဟု သတင်းများထွက်ပေါ်နေ သော်လည်း ယခုယင်းဥပဒေအ တွက် လွှတ်တော်တွင် ရဲဝံ့စွာတင် ပြပေးမည့် လွှတ်တော်ကိုယ်စား လှယ် ထွက်ပေါ်လာသည့်အတွက် ယင်းဥပဒေဖြစ်မြောက်ရေး ဆောင် ရွက်နေသော ဆရာတော်များက ဝမ်းသာစွာ ကြိုဆိုနေကြောင်း မိန့်ကြားသည်။ အရှင်စန္ဒာသီရိက ''ဒီလိုမျိုး တာဝန်သိစွာနဲ့ လုပ်ဆောင်ပေး မယ့်သူရှိလာတော့ ဦးဇင်းတို့အ နေနဲ့ဝမ်း သာတယ်။ ကျေးဇူးလဲ တင်တယ်။ ကြိုလည်းကြိုဆို ပါ တယ်။ ဦးဇင်းတို့ စလုပ်တုန်းက လဲ ဘယ်ပုဂ္ဂိုလ်၊ ဘယ်အဖွဲ့အစည်း၊ ဘယ်ပါတီအတွက်မှ ရည်ရွယ်ပြီး လုပ်ဆောင်ခဲ့တာ မဟုတ်ပါဘူး။ နိုင်ငံတော်ငြိမ်းချမ်းရေးအတွက် တစ်ဖက် တစ်လမ်းက အထောက် အကူပြုမယ်ထင်လို့ သံဃာတော် တွေ ဦးဆောင်ခဲ့တာပါ''ဟု မိန့် ကြားသည်။

အဆိုပါဥပဒေနှင့်ပတ်သက် ၍လည်း အမျိုးဘာသာ၊ သာသ နာထိန်းသိမ်းစောင့်ရှောက်ရေး အဖွဲ့(ဗဟို)မှ နိုင်ငံရေးပါတီမှတာ ဝန်ရှိသူများ၊ လူမှုရေးအဖွဲ့အစည်း များ၊ ဘာသာပေါင်းစုံချစ်ကြည် ရေးအဖွဲ့မှ ခေါင်းဆောင်များနှင့် ဆွေးနွေးမှု များကို ပြုလုပ်လျက် ရှိကြောင်း သိရသည်။

''ဘာသာပေါင်းစုံ ချစ်ကြည် ရေးက ခေါင်းဆောင်တွေနဲ့ ဆွေး နွေးမှုလုပ်တဲ့အခါမှာလဲ သူတို့က ဒီဥပဒေဘာကြောင့် လုပ်ဆောင် ရလဲဆိုတဲ့ ရည်ရွယ်ချက်ကို ရှင်း ပြတဲ့အခါကျတော့ သူတို့အနေနဲ့ လက်ခံတယ်။ အားလုံးတန်းတူညီ မျှတဲ့ အခွင့် အရေး အတွက် ဖြစ်သင့် တယ်လို့ ပြောကြတယ်''ဟု အမျိုး ဘာသာ၊ သာသနာထိန်းသိမ်း စောင့်ရှောက်ရေးအဖွဲ့(ဗဟို)မှ ရုံးအဖွဲ့မှူးက မိန့်သည်။ မျိုးစောင့်ဥပဒေကို ထောက် ခံသည့် ပြည်သူများ၏လက်မှတ် သုံးသန်းကျော်ကို ပြည်သူ့ လွှတ် တော်ရုံး သို့ ပေးပို့ခဲ့သည်မှာ နှစ် ကြိမ်ရှိပြီးဖြစ်ပြီး ဆက်လက်၍ လည်း ပြည်သူ့လက်မှတ်များကို ကောက်ခံပေး ပို့သွားဦးမည် ဖြစ် ကြောင်း အမျိုးဘာသာ၊ သာသ နာ ထိန်းသိမ်းစောင့်ရှောက်ရေး အဖွဲ့(ဗဟို)မှ ပြောကြားချက်အရ သိရ သည်။

ရွှေရည်မဉ္ဇူ

Alpha Zawgyi Unicode Font Download


မင်္ဂလာပါဗျာ JC ဖြိုးလေး တင်ပေးပါဆိုလို့ Alpha Zawgyi Unicode Font ကို တင်ပေးလိုက်ပါတယ် အမှန်တကယ်တော့ ကွန်ပျူတာ အသုံးပြုသူတိုင်းဟာ Zawgyi Font ရှိကြပါတယ် ဒါပေမဲ့ လူသစ်တွေကတော့ ကွန်ပျူတာ ဝယ်စဆိုတော့ သူများတွေကို ထည့်ခိုင်းတယ် ရတယ်။ ဒါပေမဲ့ ပြဿနာ တစ်စုံတစ်ရာ တတ်လာလို့ မြန်မာလို မမြင်ရတော့ဘူးဆိုရင် ထည့်ဖို့ ZawGyi Font လည်း မရှိတော့ အခက်အခဲဖြစ်ပါတယ် အဲတော့ အခက်အခဲ မဖြစ်ရအောင် လူသစ်တွေ အနေနဲ့ လိုအပ်မယ်ဆိုရင် အောက်က လင့်နှင့် ဒေါင်းနိုင်ပါပြီးခင်ဗျာ File size (1.33MB) ရှိပါတယ်.......................................................။

Friday, August 9, 2013

(၁)     မျှော်လင့်ချက်သာရှိပါစေ ဘ၀ဆိုတာရှင်သန်လို့အကောင်းဆုံးအရာတွေပါပဲ ။
(၂)     သူပြုံးမှကိုယ်ပြုံးမဲ့အစား ကိုယ်ကစပြီးပြုံးလိုက်ပါ ။
(၃)     လွယ်တယ်ဆိုပြီးမပေါ့ပါနဲ့ ဘ၀ရဲ့သီအိုရီမှာအသေးအဖွဲမရှိပါ ။
(၄)     ယုံကြည်မှုရှိမှအရာရာတိုင်းကို ရင်ဆိုင်ရဲတဲ့စွမ်းအားနဲ့သတ္တိရှိမှာပါ ။

(၅)     မစဉ်းစားပဲလုပ်လိုက်တာမှန်သွားရင်တောင် အကြိမ်တစ်ရာမှာတစ်ခါလောက်ပဲဖြစ်မှာပါ ။
(၆)     ဖန်ခွက်ထဲမှာရေတစ်စက်ရှိတာဟာ လုံးဝမရှိတာထက်စာရင်တော်ပါသေးတယ် ။
(၇)     ကံတရားပါကွာလို့ပြောနေသရွေ့ ဥာဏ်သမားဖြစ်လာမှာမဟုတ်ဘူး ။
(၈)     စေတနာသည် ကံတရား၏အရင်မြစ်ဖြစ်သည် ။
(၉)     သံသယပျောက်စေဖို့ အကောင်းဆုံးနည်လမ်ကတော့ လုံးဝယုံကြည်ဖို့ပဲ ။
(၁၀)    ကိုယ်တိုင်ခံစားဖူးမှ ကိုယ်ချင်းစာမယ်ဆိုရင်တော့မင်းဟာလူမိုက်ပဲ ။
(၁၁)    ကံကြမ်မာဆိုတာလူတစ်ယောက်ရဲ့ စိတ်ဓာတ်ကိုတောင်ပြောင်းလဲပစ်နိုင်တယ် ။
(၁၂)    လိုအပ်တဲ့အခြေနေတွေအားလုံးပြည့်စုံမှ အလုပ်လုပ်မယ်ဆိုပြီးထိုင်စောင့်နေတဲ့သူဟာ
          အလကားအချိန်ဖြုန်းနေတာပါပဲ ။
(၁၃)     လူတိုင်းဟာအမှားနဲ့မကင်းပေမဲ့ ခဏခဏတော့မမှားသင့်ဘူးလေ ။
(၁၄)    ဘ၀ဆိုတာပညာရေးဖြစ်ပြီး လူအဖွဲ့အစည်းကတော့ကျောင်းပါပဲ ။
(၁၅)     ဒုက်ခအနီးတွင် သုခရှိ၏ ။
(၁၆)     ဘ၀မြင့်သွားပေမဲ့ ဘ၀င်မမြင့်ပါစေနဲ့ ။
(၁၇)     ရိုးသာမှုကိုထိခိုက်လာရင် မာနဆိုတဲ့လက်နက်ကိုထုတ်သုံးရလိမ့်မယ် ။
(၁၈)     ဘ၀သည်အစမ်းသဘောဖြစ် နေထိုင်ခွင့်မရှိသေားအရာ ။
(၁၉)     ပျက်စီးခြင်းတွေထဲမှာဆုံးရှုံးမှုအများဆုံးကတော့ စိတ်ဓာတ်ပျက်စီးခြင်းပဲ ။
(၂၀)     အချစ်တွက်နဲ့အသက်ပင်သေသေဆိုပြီးဂုဏ်ယူမနေကြပါနဲ့ အဲဒါမိုက်ရူးရဲဆန်တာပဲ ။
(၂၁)      နာလည်မှုရှိနေသရွေ့ မေတ္တာတရားဆိုတာမွေးဖွားနေဦးမှာပဲ ။
(၂၂)     ပေါင်းသင်းဆက်ဆံရေးနယ်ပယ်မှာ အပြုံးဟာအခြေခံအကျဆုံးအရာပါပဲ ။
(၂၃)     ဒေါသရဲ့နောက်ကွယ်မှာ အမှားဆိုတာအမြဲဒွန်တွဲနေလျှက်ပါ 

ကိုယ်ချစ်သူ ဘယ်သူလဲဆိုတာ ဖွင့်မပြောချင်သေးတာ ဆိုတဲ့ ဝါဆိုမိုးဦး

ကိုယ်ချစ်သူ ဘယ်သူလဲဆိုတာ ဖွင့်မပြောချင်သေးတာ ဆိုတဲ့ ဝါဆိုမိုးဦးကလေးဘဝ ကတည်းကသရုပ် ဆောင်လုပ် ခဲ့ပေမယ့် သူပါဝင် ထားတဲ့ ဇာတ်ကား တွေက ခုမှသာပရိ သတ်ရှေ့ကို ရောက်ခဲ့ပါတယ်။ ငယ် ဘဝသရုပ်ဆောင် မှုတွေ ခုချိန်မှာ ပြန်ကြည့်ရတာ ရှက်တယ်ဆိုတဲ့ ဝါဆိုမိုးဦးက ခပ်ဟော့ဟော့ဖက်ရှင် တွေကို ကြိုက်ပါသတဲ့။ ဒါပေမဲ့ သူ ကသူ့ချစ်သူ ဘယ်သူဆိုတာတော့ မ ပြောချင်သေးပါဘူးလို့ ဆိုပါတယ်။

Q - ဝါဆိုမှာ အမှန်တကယ် ချစ် သူရှိနေတာဘယ်သူဆိုတာ ဖွင့်မ ပြောရဲတာလား၊ ဖွင့်မပြောချင်သေး တာလား။

A - ဝါဆိုဖွင့်မပြောချင်သေး တာ။ ဝါဆို ၁၉ နှစ်ပဲရှိသေးတယ်။ ဘဝမှာရွေးချယ်စရာတွေ အများ ကြီးရှိသေးတယ်။ ဒီတစ်ယောက်နဲ့ က ဝါဆိုတည်မြဲမှာလား၊ မမြဲဘူး လား၊ မသေချာဘူး။ ဝါဆိုတို့ရဲ့ နှစ် ဖက်မိဘတွေက ခင်ကြတယ်။ သ ဘောတူတယ်။ ဝါဆိုအိမ်ထောင်ပြု ဖို့စဉ်းစားရမယ့် အရွယ်လည်း မဟုတ် သေးဘူး။ ဝါဆိုစိတ်ကစားပြီး ရည်း စားထားတာ မျိုးလည်း ဖြစ်မယ်ထင် တယ်။ ဒီလူက ဝါဆိုတကယ်ကို လက်တွဲလို့ရပြီလို့ ဆိုရင်တော့ ဒါက ဝါဆို့ချစ်သူပါ ဆိုပြီး ပရိသတ်ကိုပြော ပြမှာပါ။

Q - ဝါဆိုကိုတစ်ဖက်က ဘယ် လိုမိန်းကလေးလည်း မသိဘူးဆိုပြီး ထားခဲ့မှာမျိုး မကြောက်ဘူးလား။

A - မကြောက်ဘူး။ သူက ဝါဆို ကို သိပ်နားလည်ပေးတဲ့သူတစ် ယောက်ပါ။ ဝါဆို့စိတ်သဘောထား ကို သူ့ကိုပြောပြထားတယ်။ အဲဒါ ကြောင့်ပဲ ဝါဆို့မိသားစုနဲ့သူအဆင် ပြေတာ။

Q - ဝါဆိုကို ခပ်ဟော့ဟော့ ဝတ်စုံနဲ့ တွဲပြီး မြင်နေတတ်တဲ့ အပေါ်ဝါဆိုခံစားမှုက

A - ဝါဆို ကျေနပ်တယ်။ ဝါဆို က လူငယ်ဖြစ်တဲ့အတွက် အလန်း စားဖက်ရှင်တွေ ဝတ်ရတာ သဘော ကျတယ်။ ဝါဆိုက ဆွဲဆောင်မှု ရှိတဲ့ ပုံစံတွေ သဘောကျတယ်။ အမြင် ရိုင်းတာမျိုးကိုတော့ လက်မခံဘူး။ ဝါဆိုက cute ပုံစံနဲ့လုံးဝမလိုက်ဘူး။ ဝါဆိုအဲဒီလို ရိုင်းတဲ့ဝတ်စုံမျိုးတွေ လည်း မဝတ်ဖူးဘူး။

Q - ၁၉ နှစ်ပြည့်မွေးနေ့မှာ ဝါ ဆို့အတွက် အမှတ်တရဖြစ်ရပ်

A - အမလေး ပြောရမှာနား ထင်တောင်သွေး ရောက်တယ်။ ဝါ ဆို ဖုန်းခဏပျောက်သွားတဲ့ အချိန် မှာ တော်တော် စိတ်ရှုပ်သွားတယ်။ ဝါဆိုကောင်းမှုကုသိုလ်လုပ်နေတဲ့ အချိန် ဧည့်သည်တွေနဲ့ ဝရုန်းသုန်း ကား ဖြစ်နေတဲ့ အချိန် အဲဒီလိုဖြစ် သွားတော့ စိတ်လည်း တိုတယ်။ ဒါ ပေမဲ့ ပြန်တွေ့တော့ စိတ်ချမ်းသာ တယ်။

Q - ပျောက်သွားတဲ့ အခိုက် ခံစားမှုက

A - ပျောက်သွားတုန်းက ဝါဆို အထဲမှာရှိတဲ့ ဓာတ်ပုံတွေကြောင့် စိတ်ပူတာ မဟုတ်ဘူး။ ဝါဆိုဖုန်းထဲ မှာရှိတဲ့ ပုံတွေက facebook မှာ တင်ထားတဲ့ပုံတွေပဲ တခြားဘာပုံ မှမရှိဘူး။ ဝါဆိုက ငယ်ငယ်ကတည်း က phone crazy ဒီဖုန်းလေးကို လည်း ဝါဆိုချစ်တယ်။ ဝါဆိုရဲ့ ဆက် သွယ်ရမယ့ိအေေ တွေအကုန် ဒီဖုန်း ထဲမှာရှိတယ်။်ခေနဘသသု က ခ့နခု ငည ဝင်ပြီးသား ဖြစ်နေတယ်။ အဲဒီဖုန်းလေးသာ ပျောက်သွားရင် ကိုယ့်ဖုန်းနဲ့ သူများကို ဆက်သွယ်နေ မှာ။ ဝါဆို မဟုတ်ဘဲနဲ့ အဲဒါမျိုးကိုပဲ ကြောက်တာပါ။

Q - ဝါဆို ပုဏ္ဏကတိုက်တဲ့ည ပြန်ကြည့်ဖြစ်သေးလား

A - အဲဒီကား ပြန်ကြည့်ရတာ ရှက်တယ်။ ငယ်ငယ် တုန်းကတော့ အဲဒီကား အရမ်းထွက်စေ ချင်ခဲ့တာ။ ခုမှထွက်လာ တော့လည်း ဝါဆိုက လေး သရုပ်ဆောင် ဆိုတာ လူတိုင်း ကြည့်မိသွား တာပေါ့။ ပရိသတ်က လက်ခံပေးတဲ့ အတွက် ကျေးဇူးတင် ပါတယ်။ 

ညောင်စေ့လောက် လှူရင် ညောင်ပင်ကြီးလောက် ရတယ် စကားကို သဘောကျတဲ့ ရွှေမှုန်ရတီ


ညောင်စေ့လောက် လှူရင် ညောင်ပင်ကြီးလောက် ရတယ် စကားကို သဘောကျတဲ့ ရွှေမှုန်ရတီအနုပညာ ပျိုးခင်း အစီအစဉ်တွင် ရွေးချယ် ခံခဲ့ရပြီး အနုပညာ လောကတွင် နာမည်ကြီး မင်းသားမျာနှင့် တွဲဖက် သရုပ်ဆောင်၍ လျှောက်လှမ်း လာခဲ့သူ သရုပ်ဆောင် ရွှေမှုန် ရတီက " ညောင်စေ့ လောက်လှူရင် ညောင်ပင်ကြီး လောက် ရတတ်တယ် ဆိုတဲ့စကားလေးကို သဘော အရမ်းကျတယ်" ဟု ပြောသည်။

 "ရွှေမှုန်က ပရဟိတ လုပ်နေရတာကို ကြိုက်တယ်၊ လုပ်လည်း လုပ်တယ်၊ ဘုရား၊ စေတီတွေမှာ ပိုလုပ်ဖြစ် တယ်၊ ပရဟိတ ဆိုတာက နည်းတာ များတာက အဓိက မဟုတ်ဘူး။ စိတ်ထဲမှာပါမှ လှူတာကပိုပြီး အဓိကကျ တယ်၊ စိတ်ထဲက သန့်စင်ပြီး ထက်သန်မယ်ဆိုရင် ညောင်စေ့လောက် လှူရင်တောင် ညောင်ပင်ကြီး လောက်ရတတ်တယ် ဆိုတဲ့ စကားရှိတယ်၊ ရွှေမှုန် ကတော့ အဲ့ဒီစကားလေးကို အရမ်းသဘောကျ တယ်"ဟု၎င်းက ပြောသည်။

သရုပ်ဆောင် ရွှေမှုန်ရတီ အနေဖြင့် အလှူ အတန်း ပြုလုပ်ရာတွင် စိတ်အား ထက်သန်လျှင် အလှူပြုလေ့ ရှိကြောင်း၊ အလှူပြုရာတွင် စိတ်ဓာတ် ကသာ အဓိက အရေးကြီးဆုံးဟု ခံယူထားကြောင်း ယခုလတ်တလောတွင် ဒါရိုက်တာဝင်းထွန်းထွန်း ရိုက်ကူးသော " ငှက်ကလေးရဲ့ မီးအိမ်ရှင်" ဇာတ် ကားတွင် သရုပ်ဆောင် မြင့်မြတ်နှင့် တွဲဖက်၍ ရိုးရှင်း၊ သိမ်မွေ့ မြန်မာဆန်သော မိန်းကလေး တစ်ယောက် အဖြစ် သရုပ်ဆောင် လျက်ရှိ ကြောင်း ရွှေမှုန်ရတီက ထပ်မံ ပြောပြသည်။

မိဘတွေ အတွက်ကြည့်ပြီး အနေအထိုင် ဆင်ခြင်တယ်ဆိုတဲ့ သင်ဇာဝင့်ကျော်



မိဘတွေ အတွက်ကြည့်ပြီး အနေအထိုင် ဆင်ခြင်တယ်ဆိုတဲ့ သင်ဇာဝင့်ကျော်သင်ဇာက ဘယ်သူမှ ဂရုမစိုက် ဘူး။ ကိုယ်ကြိုက်တာ ကိုယ်လုပ်တယ် ဆိုတော့ ကိုယ့်ကို  ဝေဖန်မှုတွေ ရှိရင်လည်း ဂရုမစိုက် တတ်ဘူး လားဆို တော့ ဘယ်လိုပြောရ မလဲ။ အဲဒီလို နေလိုက်တာက ကိုယ့်အတွက်ပို ပြီးအဆင်ပြေမယ် ထင်လို့ပါ။ တစ်ခု တော့ရှိတယ်။ အဲဒီလိုမျိုးကြည့်ပြီး နောက်ပိုင်းတော့ အနေအထိုင်တွေ ပြန်ဆင်ခြင်တယ်။ ကိုယ်ကတော့ ကိုယ်ကြိုက်တာကိုယ်လုပ်တဲ့ type မျိုးရှိတဲ့ သူတစ်ယောက်။ ဒါပေမဲ့ နောက်ဆုံးဒီလို type မျိုးဖြစ်တဲ့ တိုင်အောင်ကိုယ့် မိဘကို ကိုယ်ပြန် ကြည့်တယ်။ အဲဒါဆို သင်ဇာ့မိဘ အတွက် ဆင်ဆင်ခြင်ခြင်နေဖြစ် တယ်လို့ ပြောလို့ရမလားဆိုတော့ အင်းပေါ့။ သင်ဇာ့ အဖေနဲ့အမေက လည်း ပြောတယ်။ နေချင်သလိုနေ။ ဒါပေမဲ့ မိဘသိက္ခာ မကျရင်ပြီးရော။ ကိုယ့်မိဘ မထိခိုက်ရင်ပြီးရောတဲ့။ လူ ငယ်ဆိုတာက လွတ်လွတ်လပ်လပ် နေမှာပဲလေ။ တချို့နားလည် တဲ့သူ တွေလည်း နားလည်ကြပါတယ်။ ကာရိုက်တာတစ်ခုက ကိုယ်နဲ့မလိုက် ဖက်ဘူး။ ဒါပေမဲ့ ပရိသတ်ကြိုက်တဲ့ အတွက် သရုပ်ဆောင် ရတဲ့အခါစိတ် ကိုဘယ်လိုသွင်းလဲ ဆိုတော့ ကိုယ်က သရုပ်ဆောင်ပဲလေ။ ကာရိုက်တာ ပေါင်းစုံသရုပ်ဆောင်နိုင်ရမယ်။ ကိုယ်နဲ့မလိုက်တဲ့ ကာရိုက်တာဆို တာမရှိဘူး။ သရုပ်ဆောင် ဆိုတာ သရုပ်ဆောင်ဖို့ အတွက် လူဖြစ်လာ တာဆိုတော့ ဟိုကာရိုက် တာကိုယ် နဲ့မလိုက်ဘူး။ ဒီကာရိုက်တာကိုယ်နဲ့ မလိုက်ဖူးဆိုတာ မရှိရဘူး။ မလိုက် ပေမယ့်လည်း တူအောင်ကြိုးစားပြီး သရုပ်ဆောင် ရမှာပဲ။

စိုးပြည့်သဇင်ပြောတဲ့ အောင်မြင်မှု


ကိုယ့်ကိုယ်ကိုယ် အောင်မြင်နေ တဲ့သူတစ်ယောက်လို့ လက်ခံထား လား၊ ကျော်ကြား နေတဲ့ သူတစ် ယောက်လို့ လက်ခံထား လားဆို တော့ စိုးပြည့်အနေနဲ့ ကိုယ့်ကိုယ် ကိုယ် ဘယ်အခြေအနေ ရောက်နေ ပြီလဲလို့ မပြောချင်ပါဘူး။ ပြော လည်းမပြော တတ်ပါဘူး။ အောင် မြင်မှုကျော်ကြားမှု ဆိုတာ ကိုယ်ဆုံး ဖြတ်လို့ရတဲ့ အရာမဟုတ် ပါဘူး။ ပရိသတ်နဲ့ပဲ ဆိုင်တာပါ။ အနုပညာ ရှင်တွေက ကိုယ်အောင်မြင် တယ်လို့ သတ်မှတ်လို့ မရဘူး။ အောင်မြင်မှု ဆိုတာ အတိုင်းအတာ တစ်ခုရှိပါ တယ်။ ဘယ်တော့မှ မအောင်မြင် နိုင်ဘူး။

အဲဒီအပေါ်မှာ အနုပညာ သမားတွေ အနေနဲ့ ခံနိုင်ရည်ရှိဖို့လို အပ်ပါတယ်။ လက်ရှိရထားတဲ့ ဘဝ ကိုကျေနပ်လား။ ဒီထက်ပိုတဲ့ ဘဝမျိုး ကိုလိုချင်လား ဆိုတော့ လူတိုင်းလူ တိုင်းကတော့ အမြင့်ဆုံး ရောက်ချင် ကြတာပဲ။ ရည်မှန်းချက် ကြီးကြီး ထားကြတာပဲ။ ဒါပေမဲ့လည်း ကံ တရားတွေကပါ သေးတယ်။ ကိုယ့် ဘက်ကကြိုးစား နေရမှာပဲ။ ငါက တော့ ဘယ်လောက်ကြီးရမှ လို့တွေး ရင်တော့ စိတ်အရမ်းစ ကျဉ်းကျပ်ပါတယ်။ အောင်မြင်တယ်၊ ကျော်ကြားတယ် ဆိုတာကလည်း ကိုယ့်ခံ ယူချက်အပေါ်မှာပဲမူတည်ပါတယ် လို့ထင်ပါတယ်။ လူတစ်ယောက်နဲ့ တစ်ယောက်က ဘယ်လောက်အ တိုင်းအတာကျမှ အောင်မြင်တယ် လို့ခေါ်လဲဆိုတာကတော့ စိုးပြည့် လည်းမပြောတတ်ဘူး။ အောင်မြင် မှုနဲ့ ကျော်ကြားမှုက လူတိုင်းမက် မောတယ်။ ဒါပေမဲ့ လောကကြီး မှာ ကိုယ့်စိတ်တိုင်းကျဖြစ်တာ မဟုတ် ဘူး။ 

Wednesday, August 7, 2013

မီးပွိုင့်မှာ GTC အခွေတွေ လိုက်ရောင်းနေတယ်


သိပ္ပံနှင့် နည်းပညာဝန်ကြီး ဌာနလက်အောက်ရှိ သန်လျင် GTC ကျောင်း၌ ကျောင်းသားနှင့် ကျောင်းသူနှစ် ဦး စာသင်ခန်းအတွင်း ချစ်ရည်လူးနေကြသော ဗီဒီယိုဖိုင် ကို မသမာသူများကအင်တာနက် မှ လွှင့်တင် လိုက်ရာ ဂျာနယ်စာ မျက်နှာထက် ရောက်ရှိလာပြီး နောက် ယခုအခါ Vedio အခွေ များအဖြစ်ရောင်း ချလာသည်ကို တွေ့ရသည်။

ယခုကဲ့သို့ အခွေရောင်းချ လာမှုအပေါ် ခရီးသွားပြည်သူ တစ်ဦးက ပြောကြားရာတွင် ““အင်းယား လမ်းမီး ပွိုင့်နဲ့ ဦးဝိစာရ မီးပွိုင့်ကြားမှာ GTC  အခွေတွေ ပြပြီး လူငယ်တွေလိုက်ရောင်းနေ တယ်။ ဒါဟာမ လုပ်သင့် တဲ့ကိစ္စပါ။လုပ်စားတဲ့အနေနဲ့ရိုက်ထားတဲ့ နိုင်ငံခြားအပြာခွေတွေလိုက်ရောင်း တာ ဘာမှမပြောလိုပေမဲ့ အခုလို လုပ်တာတော့ နှမချင်းစာနာသင့် ပါတယ်။ မီးပွိုင့်မှာလည်း ယာဉ် ထိန်းရဲတွေရှိတာပဲ။ မဖမ်းချင်ရင် တောင် တားမြစ်သင့်သလို၊ရဲစခန်း ကိုအကြောင်းကြားသင့်ပါတယ်။ ဒီကိစ္စမှာ လူငယ်နှစ်ဦးမှားယွင်း တာဖြစ်ပေ မဲ့ မသမာသူတွေရဲ့ လုပ်ရပ်ကြောင့် လူအများကြီးမှာ ထိခိုက်ခဲ့ရပါတယ်။ ထဘီနက်ပြာ ၀တ်တဲ့ ကျောင်း သူတွေကို တချို့က ပြုံးစိစိနဲ့ကြည့်တာမြင်ရ တော့ သူတို့လည်း ဂုဏ်သိက္ခာ ကျရပါတယ်။ အဲဒါကြောင့် အခွေ ထုတ်လုပ်ဖြန့်ဖြူးရောင်းချသူတွေ ကို ဖမ်းဆီးအရေးယူသင့်ပါတယ်”” ဟု ပြောကြား သွားခဲ့သည်။

အဆိုပါ GTC ကျောင်းသား ကျောင်းသူကိစ္စနှင့် ပတ်သက်ပြီး သတင်းဂျာနယ်တစ်စောင်၌ ဖော် ပြခဲ့ရာ GTC  ကျောင်းသားများ နှင့် ကျောင်းသူများက ရှင်းလင်း ပွဲတစ်ခုပြုလုပ်ခဲ့ပြီးအဆိုပါဂျာနယ် အနေဖြင့် တောင်း ပန်ခြင်း ပြန် လည်ထည့်သွင်းပေးရန်တောင်းဆို ထားကြောင်းလည်း သိရသည်။

ရာသီဥတုအပြောင်းအလဲနှင့် အကြမ်းဖက်မှုများမြင့်တက်မှု ဆက်နွယ်မှုရှိ

ရာသီဥတု အပြောင်းအလဲများသည် ကမ္ဘာတလွှားတွင် အကြမ်းဖက်မှုများ မြင့်တက်လာခြင်းနှင့် ဆက်နွယ်နေကြောင်း ပညာရှင်များက ပြောကြားလိုက်သည်။ အမေရိကန် သုတေသီများသည် အပူချိန်၊ မိုးရေချိန် စသည်တို့တွင် အတန်ငယ်မျှ အပြောင်းအလဲလေးများ ရှိရုံမျှဖြင့် ဆူပူ အကြမ်းဖက်မှုများ မြင့်တက်လာမှုနှင့် ဆက်နွယ်နေစေနိုင်ကြောင်း ဖော်ထုတ် တွေ့ရှိခဲ့သည်။ အကြမ်းဖက်မှုဆိုသော အသုံးအနှုန်းအတွက် အကြမ်းဖက် တိုက်ခိုက်မှု၊ မုဒိမ်းမှု၊ လူသတ်မှုများမှ အစပြုကာ ပဋိပက္ခများနှင့် စစ်ပွဲများထိ ရည်ညွှန်းကြောင်း ပညာရှင်များက ဆိုသည်။

ရာသီဥတုတွင် အပြောင်းအလဲ သက်ရောက်မှုများသည် ကမ္ဘာ့တိုက်ကြီးများ အားလုံးတွင် အကြမ်းဖက်ခြင်းများကို မြင့်တက်စေသော ဆက်နွယ်မှုမျိုး ရှိနေကြောင်း ၎င်းတို့က Science ဂျာနယ်ပါ ဆောင်းပါးတွင် အခိုင်အမာ ဖော်ပြခဲ့သည်။ အမေရိကန်နိုင်ငံ၊ ဘာကလေရှိ ကယ်လီဖိုးနီးယား တက္ကသိုလ်မှ သုတေသီ တစ်ဦးဖြစ်သူ မာရှယ်လ်ဘာ့ခ်က "ကျွန်တော်တို့ အနေနဲ့ အချိန်ကာလ အကြာကြီး အတွင်းမှာ ကမ္ဘာပေါ်က အထင်ကရ တိုက်ကြီးတွေ အားလုံးက အပြောင်းအလဲတွေကို လေ့လာခဲ့ပါတယ်။ ရာသီဥတု အခြေအနေမှာ ပြောင်းလဲတာတွေ ဖြစ်လာတာနဲ့ အကြမ်းဖက်မှုတွေ မြင့်တက်လာတဲ့ကြားက ဆက်စပ်မှုဟာ အင်မတန် ကြီးမားတယ်လို့ ကျွန်တော်တို့ ကောက်ချက်ချနိုင်ခဲ့တယ်"ဟု ပြောကြားခဲ့သည်။

၎င်းတို့သည် ယခင်သုတေသန လုပ်ငန်း (၆၀)မျှ၏ နှစ်ပေါင်း(၁၀၀)အတွင်း ခြေရာခံထားသော ရလဒ်များကိုလည်း ပြန်လည်စုရုံး လေ့လာခဲ့သည်။ ဘာ့ခ်က အပူချိန် အပြောင်းအလဲများသည် လူမျိုးရေး စစ်ပွဲများ၊ ဥရောပတွင် ဆင်နွှဲသော စစ်ပွဲများနှင့် အာဖရိက နိုင်ငံများမှ ပြည်တွင်းစစ်များ ဖြစ်ပေါ်စေရန် သေးငယ်သော အစိတ်အပိုင်း တစ်ခု အနေဖြင့်မျှ ဖြစ်စေ၊ ကျိုးကြောင်း ဆက်စပ်နေကြောင်း ဆိုသည်။ သို့သော်လည်း ယင်းဆက်စပ်မှု၏ အကြောင်းရင်းကို တိတိကျကျ ဖြေရှင်းပြရန် ခက်ခဲနေဆဲဟု ဘာ့ခ်က ဝန်ခံခဲ့သည်။

"ကျွန်တော်တို့ ဂရုတစိုက် ချဉ်းကပ်ချင်ပါတယ်။ စစ်ပွဲတွေ၊ အကြမ်းဖက်မှုတွေဟာ ရာသီဥတု အပြောင်းအလဲဆိုတဲ့ အကြောင်းအရာ တစ်ခုတည်းကြောင့်တော့ ဖြစ်လာတာ မဟုတ်ပါဘူး။ ဒါပေမဲ့ သုတေသန ရလဒ်တွေကတော့ စိတ်ဝင်စားစရာပါပဲ"ဟု ၎င်းက ဆိုသည်။ ဘာ့ခ်က "ဘာကြောင့် ခုလို သက်ရောက်မှု ရှိသလဲဆိုတာ ကျွန်တော်တို့ အဖြေရှာနေဆဲပဲ။ ဖြစ်နိုင်ခြေ တချို့ကိုတော့ တွေးမိတယ်။ အဓိက အကြောင်းတရား တစ်ခုက စီးပွားရေးအပေါ် သက်ရောက်မှုပါ။ ရာသီဥတု အပြောင်းအလဲဟာ နိုင်ငံတွေရဲ့ စီးပွားရေး အခြေအနေကို သက်ရောက်မှု ရှိတယ်ဆိုတာ ကျွန်တော်တို့အားလုံး သိကြတယ်။ စီးပွားရေး အခြေအနေ အပြောင်းအလဲဟာ လူတွေရဲ့ ဆုံးဖြတ်ချက်ကို ထပ်ဆင့် သက်ရောက်တယ် ဆိုတာ သာဓကတွေ အများကြီးပဲ။ ဥပမာ ပြောရရင် ပုန်ကန်ထကြွတာမျိုး ဆိုပါတော့"ဟုလည်း မှတ်ချက်ပြုခဲ့သည်။

သုတေသီများသည် လက်ရှိ လေ့လာမှု ပရောဂျက်ကို ဆက်လက် လုပ်ဆောင်နေဆဲဖြစ်ပြီး အနာဂတ်ကာလတွင် ရာသီဥတု အပြောင်းအလဲ များပြားလာလေလေ၊ လူသားတို့၏ ခက်ထန်မှုကို ပိုမို ဆိုးရွားလာစေလေလေ ဖြစ်နိုင်ကြောင်း သုံးသပ်ထားသည်။ ၎င်းတို့က ကမ္ဘာ့အပူချိန် (၂)ဒီဂရီ ဆဲလ်ဆီးရပ်စ် မြင့်တက်လာတိုင်း လူတစ်ဦးချင်းစီအတွက် ဒုစရိုက်မှု တစ်ခုခု ကျူးလွန်ရန် ဖြစ်နိုင်ခြေကို (၁၅)ရာခိုင်နှုန်း မြင့်တက်လာစေပြီး အချို့ဒေသများတွင် (၅၀)ရာခိုင်နှုန်းထိ သက်ရောက်စေနိုင်ကြောင်း သတိပေးထားသည်။

Thursday, August 1, 2013

ဇူလိုင်လအတွက် (၇)ရက်သားသမီး ကံကြမ္မာဟောစာတမ်း



တနင်္ဂနွေသားသမီးများအတွက်

ဒီလအတွင်းမှာ ကံအညံ့လေးတွေ များနေပါတယ်။ အဖက်ဖက်က အနှောင့်အယှက် ရှိမယ်။ ခရီးသွားခြင်းဟာ အကောင်းဆုံးယတြာပါပဲ။
နေရာသစ်၊ အိမ်သစ်၊ လုပ်ငန်းသစ်၊ အစီအစဉ်းများ အထူးပဲကောင်းပါတယ်။ ရပ်ဝေးပြည်ပကိစ္စတွေ အတွက်လည်း ဦးစားပေးပြီး စီစဉ်သင့်ပါတယ်။
ကွဲကွာနေသူများ ပြန်ဆုံခြင်း၊ ရပ်ဝေးက အကူအညီကောင်းရခြင်းများ ကြုံမယ်။ ငွေကတော့ တအားဝင်သလို တအားထွက်နေလိမ့်မယ်။
မထင်မှတ်တဲ့ ဘာသာရေး၊ ပညာရေး၊ အခွင့်အလမ်း ကောင်းတွေ ပေါ်လာတတ်ပါတယ်။
အသီးအနှံ၊ ရေထွက်ကုန်၊ သစ်၊ သံ၊ သွတ်၊ အလုပ်များ တိုးချဲ့သင့်တဲ့ အချိန်ဖြစ်ပါတယ်။ မီး၊ လျှပ်စစ်၊ သူခိုး၊ သတိထားသင့်တဲ့ အချက်များ ဖြစ်ပါတယ်။
သတိထားပါ။ အိမ်ထောင်ရှင်များ၊ ချစ်သူရည်စားများ၊ ရပ်ဝေးခွဲရ ကိန်းရှိနေပါတယ်။

ထီဝါသနာပါရင် (၁၄)အတွဲလိုက် စတဲ့ နံပတ်ရှာပြီး ထိုးပါ။

ယတြာ....
ညံ့တာတွေပြေပျောက်ပြီး ကောင်းတာတွေ ပိုကောင်းလာစေဖို့အတွက် အုန်းသီးပါသော မုန့်လှူပါ။

တနင်္လာသားသမီးများအတွက်

ဒီလအတွင်းမှာ အဆင်မပြေ လွဲချော်မှုတွေ များနေမယ်။ ဟိုဟာလုပ်ရတော့ မလိုလို၊ ဒီဟာ လုပ်ရတော့ မလိုလိုနဲ့ အချိန်ကုန်နေတတ်ပါတယ်။
သူများပြဿနာ တွေမှာလည်း ကြားညှပ်တတ်ပါတယ်။ ဘာမဆို စိတ်ရှည်သင့်တဲ့ အချိန်ပါပဲ။
လုပ်ငန်းသစ်စတာ တဖြေးဖြေးတိုးချဲ့တာ၊ စပ်တူရှယ်ရာအလုပ်၊ စာချုပ်လုပ်ငန်းတွေ ကောင်းပါတယ်။
ဆန်၊ ဆီ၊ ဆေး၊ ဆား၊ စက္ကူ။ စာအုပ်၊ အင်္ဂါနံတွေ အလုပ်ဖြစ်မယ်။ မထင်မှတ်ဘဲ အိမ်အလုပ်၊ နေရာ၊ ရာထူး၊ ဆိုင်ခန်း၊ အခွင့်အရေးတွေ ကြုံတတ်ပါတယ်။
နိုင်ငံခြားနှင့် ပတ်သက်နေတဲ့ အခွင့်အရေးကောင်း အဆက်အသွယ် ကောင်းတွေလည်း ရတတ်ပါတယ်။ မိတ်ရင်း ဆရာရင်း တို့ကြောင့် စိတ်ရှုပ်ရတတ်ပါတယ်။
ငွေကံကတော့ အတော်လေး နိမ့်နေပါတယ်။ ငွေများများ ရှိရင်လည်း ဆေးဖိုးဝါးခ ဖြစ်သွားတတ်ပါတယ်။
အိမ်ထောင်ရှင်များ၊ အဆင်မပြေမှု့တွေ ပြေလည်သွား လိမ့် မယ်။ ချစ်သူရည်းစားများကတော့ ဆုံးဖြတ်ရခက်တဲ့ အကျပ်အတည်းမျိုး ကြုံလာတတ်ပါတယ်။

(၃၁) အတွဲလိုက် စတဲ့ ထီလက်မှတ်ကို ရှာပြီး ထိုးသင့်ပါတယ်။

ယတြာ...
ညံ့တာတွေ ပြေပျောက်ပြီး ကောင်းတာတွေ ပိုကောင်းလာစေဖို့အတွက် သြဇာသီး (၄) လုံး ဘုရားလှူဒါန်း၍ လိုရာ ဆုတောင်းပါလေ။

အင်္ဂါသားသမီးများအတွက်

ဒီလအတွင်းမှာ ထွက်နေ၊ ဆုံးရှုံးနေတဲ့ ငွေတွေ၊ ပစ္စည်းတွေ အခွင့်အရေးတွေ ပြန်ရတတ်ပါတယ်။
လုပ်ငန်းဟောင်း နေရာဟောင်း၊ လုပ်ဖော်ကိုင်ဖက်ဟောင်းတွေနဲ့လည်း ပြန်လည် ဆုံဆည်းရတတ်ပါတယ်။
 ပြဿနာဟောင်း၊ ရောဂါဟောင်းတွေ ပြန်ပေါ်တတ်တာကိုလည်း သတိပြုဖို့ လိုပါတယ်။
ငွေ တအားရွှင်မယ်။ ရတနာပစ္စည်းတွေ အလှကုန် ပစ္စည်းတွေ တအားရွှင်မယ်။
ကား၊ ကျောက်၊ ကွန်ပြူတာ၊ ကင်မရာ၊ ရွှေ၊ အလှကုန်လုပ်ငန်းတွေ အကျိုးပေးအောင်မြင်မယ်။
 သူတစ်ပါး မနာလိုဖြစ်လောက်အောင် စီးပွားတက် အောင်မြင်မယ့် ကိန်းမျိုးဖြစ်ပါတယ်။

တမင် ရန်စနှောက်ယှက်တာမျိုးတွေ ခံရတတ်ပါတယ်။ လူရင်း လူယုံ ဒုက္ခပေးတတ်ပါတယ်။
ဘယ်ကိစ္စမဆို အနှောင့်အယှက်လေးတွေ ကြုံပြီးမှ အောင်မြင်တတ်ပါတယ်။
ချစ်သူရည်စားများအတွက် ကံကြမ္မာ အထူးပွင့်လင်းနေပြီး အိမ်ထောင်ရှင်များ အတွက်တော့ မတင်မကျ ကိစ္စလေးတွေ ရှိနေပါလိမ့်မယ်။

ထီဝါသနာရှင်များ အနေနှင့်ကတော့ ၂၄-၄၂-အတွဲလိုက်စတဲ့ ထီနံပါတ်ကို ဖိဖိစီးစီး ထိုးသင့်ပါတယ်။

ယတြာ......
ညံ့တာတွေပြေပျောက်ပြီး ကောင်းတာတွေ ပိုကောင်းလာစေဖို့အတွက် ကလေးများကို ချောကလက် ဒါနလုပ်ပြီး လိုရာဆုကိုတောင်းပါလေ။

ဗုဒ္ဓဟူးသားသမီးများအတွက်


ဒီလအတွင်းမှ အဖက်ဖက်က အခြေအနေကောင်းတွေ ကြုံလာမယ်။ စီးပွားရေးလုပ်ငန်းတွေ အထူးတိုးချဲ့သင့်တဲ့ အချိန်ကာလ သမယပါပဲ။
မိတ်ကောင်း ဆရာကောင်းတွေ တွေ့မယ်။ စပါတူ ရှယ်ရာအလုပ်၊ ပြည်တွင်းပြည်ပခရီး၊ ပညာရေးကိစ္စတွေ အထူးကောင်းပါတယ်။
ဆန်ဆီဆေးဆား၊ စက်မှု့၊ စာအုပ်၊ မြေ၊ အမွေ၊ ဖုန်း ကိစ္စများမှာ အောင်မြင်မယ်။ အလှူအတန်း မင်္ဂလာကိစ္စများနဲ့လည်း ကြုံကြိုက်ရတတ်ပါတယ်။
ဘာသာရေး လုပ်သလောက်၊ ကံပွင့်လန်း နေမယ့် ရက်မျိုး ဖြစ်ပါတယ်။
 ဆွေမျိုးသားချင်း တွေနဲ့တော့ ပြဿနာ ကြီးကြီးမားမား ဖြစ်ရတတ်ပါတယ်။ လူရင်းတို့ရဲ့ မကောင်းသတင်း တချို့လည်း ကြားရတတ်ပါတယ်။
အထည်၊ ထီး၊ ဖိနပ်၊ ရွှေ၊ အောက်လက်ငယ်သားတို့ အတွက်တော့ စိပ်ရှုပ်ခေါင်းစား ရတတ်ပါတယ်။
ချစ်သူရည်စားများ၊ ဆုံးဖြတ်ရခက်တဲ့ အခြေအနေကြုံလာမယ်။ အိမ်ထောင်ရှင်ဆိုရင် အညံ့များနေတတ်ပါတယ်။

ထီထိုးမယ်ဆိုရင် (၃၅)ပူးနေတဲ့ ထီလက်မှတ်ဟာ လာဘ်လာဘတွေ ခေါ်ဆောင်လာပါလိမ့်မယ်။ ဒူး၊ နား၊ ရင်ဘတ်၊ သတိထားပါ။
ယတြာ....
ညံ့တာတွေပြေပျောက်၊ ပြီး ကောင်းတာတွေ ပိုကောင်းလာစေဖို့အတွက် သံဃာတော်များကို ဆပ်ပြာမွှေးရှစ်ခု ကပ်လှူပါ။

ကြာသပတေးသားသမီးများအတွက်

ဒီလအတွင်းမှာ လုပ်ငန်းသစ်စခြင်း၊ နေရာပြောင်းခြင်း၊ အခြေအနေပြောင်းတဲ့ ကိစ္စများ အကျိုးပေး အောင်မြင်နိုင်ပါတယ်။
 ပြည်တွင်းပြည်ပ ခရီးတွေ အောင်မြင်မယ်။ ထွက်နေတဲ့ ပစ္စည်းတွေ ငွေတွေ ပြန်ဝင်လာလိမ့်မယ်။
ကွဲကွာနေသူများနဲ့ ပြန်လည်ဆုံစည်းရတတ်တယ်။
အသီး၊ အနှံ၊ သစ်၊ သွပ်၊ သံ၊ ရေထွက်ကုန်၊ ရွှေ၊ အလှကုန်၊ လျှပ်စစ်ပစည်း၊ ခရီးသွား လုပ်ငန်းတွေ၊ အောင်မြင်နိုင်သော အချိန်ဖြစ်ပါတယ်။
ငွေကတော့ တအားဝင်ပြီး တအားထွက် နေမယ်။

ဝမ်းဗိုက်၊ ဦးခေါင်း၊ အဆစ်အမြစ်၊ ကျန်းမာရေး ဂရုစိုက်ဖို့ လိုပါတယ်။
 အိမ်ထောင်ရှင်များ၊ ချစ်သူရည်းစားများ ဆုံးဖြတ်ရခက်တဲ့ အခက်အခဲလေးတွေ ကြုံလာရတတ်ပါတယ်။
ဘာမဆို အထစ်အငေါ့လေးတွေ ကြုံပေမယ့် အောင်မြင်နိုင်သောကိန်း ဖြစ်ပါတယ်။

ထီဝါသနာ ပါသူများ ရှေ့ဆုံးမှာ (၄၆) ပူးနေတဲ့ ဂဏန်းကို ထိုးသင့်ပါတယ်။

ယတြာ.....
ညံ့တာတွေပြေပျောက်ပြီး ကောင်းတာတွေ ပိုကောင်းလာစေဖို့အတွက် အိမ်ဘုရားစင်မှာသစ်သီး (၆)မျိုး သောက်တော်ရေ လေးခွက် လှူဒါန်းလိုက်ပါလေ။

သောကြာသားသမီးများအတွက်


ဒီလအတွင်းမှာ ငွေကံ တအားကောင်းနေမယ်။ နာမည်ဂုဏ်သတင်းတက်စရာတွေလည်း ကြုံမယ်။
နိုင်ငံခြားခရီး၊ လူမျိုးခြားနဲ့ ပတ်သက်တဲ့ အလုပ်တွေ အကျိုးပေးအောင်မြင်မယ်။
၂၇- အတွဲလိုက်ပူးပြီးတော့ စတဲ့ ထီလက်မှတ်တွေ ထိုးသင့်ပါတယ်။
အထည်၊ ထီး၊ ဖိနပ်၊ ဓာတ်ပုံ၊ လျှပ်စစ်၊ ကား၊ ကွန်ပြူတာ၊ ကျောက်၊ ကင်မရာလုပ်ငန်းများ၊ တိုးချဲ့သင့်တဲ့ အချိန်ဖြစ်ပါတယ်။
မိသားစုထဲမှာ အလှူပွဲ မင်္ဂလာပွဲတွေ ကြုံရတတ် ပါတယ်။ အဲဒီနေ့မှာ ထီဖိထိုးသင့်ပါတယ်။

စပ်တူ စာချုပ်ကိစ္စတွေမှာတော့ မရေမရာ ဖြစ်တတ်ပါတယ်။
မြေကိစ္စ၊ အမွေကိစ္စ၊ ဖုန်းကိစ္စများကိုတော့ ခေတ္တဆိုင်းငံ့ ထားသင့်တဲ့အချိန်ပါပဲ။ ဘာမဆို နှစ်မျိုးနှစ်ခု ကြုံနိုင်ပါတယ်။
အာရုံကြော၊ ဝမ်းဗိုက်၊ ဆီး၊ မျက်စိရောဂါများ ဂရုစိုက်ရမယ့် ကာလဖြစ်ပါတယ်။

ယတြာ....
ညံ့တာတွေ ပြေပျောက်ပြီး ကောင်းတာတေါပိုကောင်းလာစေဖို့အတွက် ဓာတ်ခဲကိုးလုံးကို ဘုရားစင်ရှေ့တွင် တန်းစီချထား၍ ထိုအပေါ်တွင် ဖယောင်းတိုင် ကိုးတိုင်တင်ထွန်း၍ ဘုရားမီးပူဇော်ပါ။

စနေသားသမီးများအတွက်

ဒီလအတွင်းမှာ တအားပင်ပန်းမယ်။ စိတ်မောလူမောတွေ ဖြစ်ရမယ်။ အလုပ်ပိပြီး ကျန်းမာရေး ညံ့သွားတတ်ပါတယ်။ စိတ်တိုင်းမကျစရာတွေများနေမယ်။
တတ်နိုင်သမျှ စိတ်ရှည်ရှည် ခေါင်းအေးအေးနဲ့ အလုပ်တွေကို သက်တောင့်သက်သာလေး လုပ်သွားသင့်တဲ့ အချိန်ဖြစ်ပါတယ်။
အလုပ်ထွက်ချင် ပြောင်းချင်တဲ့ ဆန္ဒ ခေတ္တခနလေး စောင့်သင့်ပါတယ်။ နေရာကိစ္စ အိမ်ကိစ္စများ တိုးလို့တန်းလန်း ဖြစ်နေတတ်ပါတယ်။
 မိတ်ကောင်း ဆရာကောင်းတွေရဲ့ အကူအညီကောင်းတွေ ပေါ်လာမယ်။ နိုင်ငံခြားနဲ့ ပတ်သက်လို့ အဆက်အသွယ် အခွင့်အရေးကောင်း ပေါ်လာတတ်တယ်။
မြေ၊ အမွေ၊ ဖုန်း၊ အထည်၊ ထီး၊ ဖိနပ်၊ ဓာတ်ပုံ၊ လျှပ်စစ်လုပ်ငန်းတွေမှာတော့ အထူးအောင်မြင် အကျိုးပေးနိုင်တဲ့အချိန်ဖြစ်ပါတယ်။

ခြေထောက်၊ ခါး၊ အစာအိမ်၊ ကျန်းမာရေး သတိပြုသင့်ပါတယ်။ အိမ်ထောင်ရှင်များ၊ ချစ်သူရည်းစားများ အတွက်တော့ အဆင်မပြေမှု့တွေ များနေပါ့မယ်။

 ထီဝါသနာပါရင် ၅၇-အတွဲလိုက် စတဲ့ ထီလက်မှတ်ကို ရှာထိုးပါလေ။

ယတြာ......
ညံ့တာတွေပြေပျောက် ကောင်းတာတွေ ပိုကောင်းလာဖို့အတွက် မုန့်ဖက်ထုပ်(၇) ထုပ် (သို့) နို့ထမင်း (၅)ပွဲ ဘုရားလှူပါ။

ဆရာ ဟိန်းတင့်ဇော်ရဲ့ အင်တာနက်စာမျက်နှာ www.heintinzaw.com ကနေ ကူးယူ ဖော်ပြပါတယ်။