Thursday, October 31, 2013

VideoStudio Ultimate X6

VideoStudio Pro X6   video ပြုလုပ်ရန်ဝါသာနာပါသူများအတွက်softwere လေးပါ       
                   
                               download 
 Motion Tracking

Customizable Motion
DSLR Stop Motion
DSLR Enlarged Mode
Ultra High-Definition (4K) video support


Customizable templates
Timeline view

   

Wednesday, October 23, 2013

Virus & Protection

စာအုပ်အမည်း  ကွန်ဗျူတာရောများနှင့်ကာကွယ်ဆေး
ရေးသားသူး  ကိုသန်းထိုက်
အမျိုးအစားး   (pdf)
အရွယ်အစားး   (15.15 MB)
ကွန်ဗျူတာ အသုံးပြုသူများ အိုင်တီနည်းပညာရပ် များကို လေ့လာနေသူများ  အတွက်  ဗိုင်းရပ်စ်ဆိုတာ ဘယ်လိုလုပ်ဆောင်ပြီး  ဘယ်လိုဖယ်ထုတ်မယ်  ဘယ်လို  ကာကွယ်ထားရမလဲဆိုတာ  အသေးစိတ်ရှင်းပြထားသည့် မရှိမဖြစ် အသုံးပြုရန် အတွက် စာအုပ်တစ်အုပ် ဖြစ်ပါတယ်။
                            download now

Tuesday, October 22, 2013

ဇူလိုင် - ၁၉ မှာ ကျွန်တော်လည်း ဒါလေးနဲ့ ဗိုလ်ချုပ်အောင်ဆန်းကို ဂါရ၀ပြုလိုက်ပါတယ်ဗျာ။



Photo: ► ဖေဖေမောလို့ အိပ်နေတယ် ◄ .. ခရမ်းပြာထက်လူ  ၁၉ ဇူလိုင် သူ့ခန္ဓာ ဒီမှာဆုံးပေမယ့် သူ့တရားနဲ့ သူ့သမိုင်းကဆက်သွားတယ်။  တောပြိုသလို တောင်ပြိုသလို ကောင်းကင်ပြိုသလို လူတွေပြိုဆင်းလာကြ နတ်တွေ နေရာမရအောင် လူတွေပြေးဆင်းလာကြ လူတွေနေရာမရအောင် နတ်တွေပြေးဆင်းလာကြ။  ဒီဇူလိုင် ၁၉ မှာ အောင်ဆန်းရယ် မင်းသေမယ့်အစား ငါတို့သာသေလိုက်ပါတော့လား ရဟန်းသံဃာ ဘယ်သူဖြစ်ဖြစ် လဲမယ်တဲ့ သူတို့ခန္ဓာကိုယ်ကြီးတွေ ကိုင်ကိုင်ပြီးမြောက်လို့။  လူတွေပြေးဆင်းလာကြ နေသူရိန်ရဲ့အနီးကပ်ပစ်ခတ်မှုကြောင့် ဟိမ၀န္တာတောင်စောင်းက ရေခဲတွေ ဒရကြမ်းထိုးပျက်အရည်ပျော်ပြေးဆင်းကျလာသလို လူတွေပြေးဆင်းလာကြ။  ဒီအချိန် မာရ်နတ်က သွားကြားထိုးလို့ ဒီအချိန် ဒေ၀ဒတ်က ဒူးနှံ့လို့ ဒီအချိန် ဆေတန်ကစီးကရက်ဖွာလို့ ပေါက်လွတ်ပဲစား တပ်ကြီး မီးပုံကြီးလို ကခုန်နေတာကလွဲရင်  လူတွေ မျက်လုံးနဲ့နှလုံးထဲမှာ အပူတွေ မနိုင်မနင်းသယ်လို့ လူတွေ သူတို့ကိုယ်ထဲက ဆောင့်ဆောင့်ရုန်းထွက်နေတဲ့ဝိဥာဉ်တွေ နဲ့ ၀ရုန်းသုန်းကားဖြစ်လို့ လူတွေ ကျွန်မရှုံးပြီ ရှင်ကြိုက်သလိုလုပ်လိုက်တော့ လူတွေ ကျွန်တော်ရှုံးပြီ ဓါးကိုရွှပ်ကနဲဆွဲထုတ် ဗိုက်သားကိုမျက်နှာချင်းထိုးချိန်လို့။  လူအုပ်ကြီး တိမ်အထုပ်ကြီးလို တအိအိသူ့ဘေးနားမျောလာတော့ လူတွေကိုမော့ကြည့်ပြီး ဒီကလေး နှစ်ယောက်ပြောတာက ‘‘ဖေဖေမောလို့ အိပ်နေတယ်တဲ့’’ ဒီအသံပျော့ပျော့လေးဟာ လေပြင်းနဲ့ပြေးဝင်လာတဲ့သွပ်တစ်ချပ် လည်ပင်းကိုဖြတ်ပြီး အမှောင်ထဲပြေးဝင်သွားသလို ပြင်းထန်လှချည်ရဲ့။  ဟုတ်ပါတယ် သူတစ်ကယ်မောသွားခဲ့ပါပြီ ၃၁ ဘုံစာကို ၃၂ နှစ်နဲ့ အပြတ်ဖြတ်ပြီး ကောင်းကင်အဟောင်းကိုဖြုတ် နိဗ္ဗာန်အသစ်ကိုချပေးခဲ့သူ သူအိပ်ပါစေတော့။  ရှိသမျှ ၃၂ ကောဌာသကို အတိအကျပေးပြီး ဘာတစ်ခုမှ ပြန်မယူပဲ ပြန်ထွက်သွားသူ သူအိပ်ပါစေတော့။  ဖေဖေမောလို့ အိပ်နေတယ် ဟုတ်ပါတယ် ကလေးရယ် သူတစ်ကယ်အိပ်မောကျသွားခဲ့ပါပြီ။  သူအိပ်ပါစေတော့ ၀ါးလုံးထိုးစီးဆင်းနေတဲ့ ဆရာကြီးသခင်ကိုယ်တော်မှိုင်းကိုခဏတားပြီး သူ တစ်နှစ်အတွင်း လွတ်လပ်ရေးကို အရယူပေးပါ့မယ် ကတိပေး ကတိကို ကတိနဲ့ ကတိတည်ရင်း ဂရိတ်ပလေယာ တစ်ယောက်အဖြစ် သူပြသခဲ့တယ် ခု သူအိပ်ပါစေတော့။  သူ ကောင်းကင်ကိုဖွင့်မယ့်သော့ သူ အနာဂါတ်ကိုစီးမယ့်ယာဉ် ရန်သူရဲ့ဦးခေါင်းကိုဖြတ်ပြီး ယူလာပေးခဲ့ပြီ သူအိပ်ပါစေတော့။  သူအိပ်ပါစေတော့ အိတ်ထဲမှာ တစ်ပြားတစ်ချပ်မှမရှိပဲ ဆာလောင်လွန်းသမို့ သူ့ကိုယ်ရံတော်က သူမသိအောင်အကြွေးဝယ်ကြွေးခဲ့တဲ့ ပလာတာနဲ့ဆိတ်သားခပတ်လေးစားပြီး သူအိပ်ပါစေတော့။  ‘‘အနုပညာဆိုတာရှိတယ် လင်မယားဘ၀မှာလည်း အနုပညာမဲ့ရင် လင်မယားကွဲမှာပေါ့ ဒီလိုပဲ တော်လှန်ရေးမှာလည်း အနုပညာမြောက်မှ တော်လှန်ရေးဟာလည်း တစ်ကယ့်တော်လှန်ရေးအစစ်ဖြစ်တော့မှာပေါ့ ’’ ဒီလိုဖီလိုဆိုဖာကြီးလည်းဖြစ် သူအိပ်ပါစေတော့။  ဟုတ်တယ် သားတို့ သမီးတို့ ဖေဖေ မောလို့ အိပ်နေတယ် ‘‘ငါ့ သားသမီးတွေဆီမှာ Sense of justice ရှိရင် ငါကျေနပ်ပါပြီကွာ’’လို့ပြောသွားတဲ့ သမီးတို့ သားတို့ဖေဖေ မောလို့ အိပ်သွားပြီ။ သူအိပ်ပါစေတော့။  သူ့မျက်နှာ မြေမျက်နှာသွင်ပြင်က အပူပိုင်းအီကွေတာကျွန်းစုတွေမှာနေထိုင်တဲ့ မွန်ဂိုးလီးယံအနွယ်လူမျိုးတွေရဲ့မျက်နှာ သူ့မျက်နှာက တောင်ပေါ်ချင်းလူမျိုးတစ်ယောက်ရဲ့မျက်နှာလိုလည်းဖြစ်ရဲ့ ဆရာဒဂုန်တာရာကပြောတယ် ဗမာ ၀ါဂွမ်းနဲ့ရက်လုပ်ထားတဲ့ ပင်နီဖျင်ကြမ်းကြီးကိုဝတ်လို့တဲ့ ဆရာဒဂုန်တာရာကပြောတယ် သူ့ဆံပင်တွေက ပွယောင်းလို့တဲ့ (ကျွန်တော်ထင်တာက မုန်တိုင်းတစ်ခုဖြတ်သွားတိုင်း ကျန်ရစ်ခဲ့တဲ့မြို့တစ်မြို့လိုပေါ့။) ဆရာဒဂုန်တာရာပြောသလို ကျွန်တော်လည်းသူ့ကို ပွင့်သစ်စ ပွဲလမ်းသဘင်တစ်ခုလို ရုပ်ဖြောင့်စေချင်ခဲ့တာပါပဲ။ သူက ကျွန်တော်တို့ ပုံပြင်တွေ စာအုပ်တွေထဲက ဒဏ္ဍာရီဆန်ခဲ့တဲ့ သူရဲကောင်းတစ်ယောက် သူဟာ ကျွန်တော်တို့ရဲ့ Special One တစ်ယောက်မဟုတ်လား။  ဒါပေမယ့် သူအိပ်ပါစေတော့။  ဒီဗမာ့ထွက်ရပ်ဂိုဏ်းလမ်းစဉ်ကြေငြာစာတမ်းအတွက် ၁၅ရက် အချိန်ယူမယ်ဆိုရင် ခင်ဗျားတို့ လ္ဘက်ရည်သွားသောက်နေလိုက်ပါ ခင်ဗျားတို့ရေနွေးကြမ်းနဲ့မြည်းဖို့ ကျုပ် ပရင်တာတစ်လုံးလို စကားလုံးတွေထုတ်ပေးမယ်။ ၁၅ မိနစ် မိနစ် ၃၀ ဒါမှမဟုတ် ၁ နာရီ ၂နာရီ စောင့်ပါ အခြေအနေနဲ့အချိန်အခါတွေက ကျုပ်တို့ကိုစောင့်မှာမဟုတ်ဘူး။ ဒီလိုသူပင်ပန်းခဲ့ သူအိပ်ပါစေတော့။  လွတ်လပ်ရေးရပြီးရင် ကျုပ် ဘုရင်မင်းမြတ်ကြီးလည်းမလုပ် အုပ်လည်းမအုပ်ချုပ်ချင်ဘူး အော်ကြီးဟစ်ကျယ် အာဏာဝယ်ချင်တဲ့လူတွေကို ဘေးကအသာလက်ပိုက်ကြည့် ရယ်မောနေချင်တယ်။ ဒီလိုပြောခဲ့ ။ သူအိပ်ပါစေတော့။  လွတ်လပ်ရေးရပြီးရင် စာရေးဆရာကြီးလုပ် သူရေးထုတ်မယ့်စာအုပ်တွေကို ကျွန်တော်တို့မဖတ်လိုက်ရတာနစ်နာခဲ့ပေမယ့် သူအိပ်ပါစေတော့။  လက်ကြောမတင်းသလို ကျိန်စာမိသလို လူညွန့်တုန်းသလို ကျွန်တော်တို့ သူ့ကိုမျှော်မိကြသေးတယ်။ သူအိပ်ပါစေတော့။  ‘‘အလွန်ကောင်းစွာ ကမ္ဘာတည်မယ့် အာဇာနည်ဗိမာန် ပုထိုးကိုဖြင့် ပါရမီ အဓိဌာန်တမျိုးရယ်နှင့် ရှိခိုးကာ ဆရာကန်တော့ချင်ရဲ့’’ သူအိပ်ပါစေတော့။  ‘‘သြော်…တောင်နန်းမြောက်နန်း အဆောင်ဆောင်ကြငှန်းနဲ့ အခေါင်မမြန်းရခင်က အောင်ပန်းညိုးရရှာတဲ့ အောင်ဆန်းတို့သေပုံ နှမြော’’။  အဖိုးရေ အဖေအိပ်ပျော်ပါစေတော့  ငယ်ငယ်က ဖေဖေမောလို့ အိပ်နေတယ် ပြောတဲ့သမီး ဒီမှာရှိနေပြီ သူကောင်းစွာ အိပ်ပျော် ကောင်းကင်ဘုံတစ်ခုခုမှာ စံပျော်နေပါစေတော့။ ။    ခရမ်းပြာထက်လူ  ( ၂ ၀ ၁ ၃ )  Credit to Heinn FiveStrings

ဖေဖေမောလို့ အိပ်နေတယ် 
၁၉ ဇူလိုင်
သူ့ခန္ဓာ ဒီမှာဆုံးပေမယ့် သူ့တရားနဲ့ သူ့သမိုင်းကဆက်သွားတယ်။

တောပြိုသလို တောင်ပြိုသလို ကောင်းကင်ပြိုသလို လူတွေပြိုဆင်းလာကြ
နတ်တွေ နေရာမရအောင် လူတွေပြေးဆင်းလာကြ
လူတွေနေရာမရအောင် နတ်တွေပြေးဆင်းလာကြ။

ဒီဇူလိုင် ၁၉ မှာ
အောင်ဆန်းရယ် မင်းသေမယ့်အစား ငါတို့သာသေလိုက်ပါတော့လား
ရဟန်းသံဃာ ဘယ်သူဖြစ်ဖြစ် လဲမယ်တဲ့ သူတို့ခန္ဓာကိုယ်ကြီးတွေ ကိုင်ကိုင်ပြီးမြောက်လို့။

လူတွေပြေးဆင်းလာကြ
နေသူရိန်ရဲ့အနီးကပ်ပစ်ခတ်မှုကြောင့်
ဟိမ၀န္တာတောင်စောင်းက ရေခဲတွေ ဒရကြမ်းထိုးပျက်အရည်ပျော်ပြေးဆင်းကျလာသလို
လူတွေပြေးဆင်းလာကြ။

ဒီအချိန် မာရ်နတ်က သွားကြားထိုးလို့
ဒီအချိန် ဒေ၀ဒတ်က ဒူးနှံ့လို့
ဒီအချိန် ဆေတန်ကစီးကရက်ဖွာလို့
ပေါက်လွတ်ပဲစား တပ်ကြီး မီးပုံကြီးလို ကခုန်နေတာကလွဲရင်

လူတွေ မျက်လုံးနဲ့နှလုံးထဲမှာ အပူတွေ မနိုင်မနင်းသယ်လို့
လူတွေ သူတို့ကိုယ်ထဲက ဆောင့်ဆောင့်ရုန်းထွက်နေတဲ့ဝိဥာဉ်တွေ နဲ့ ၀ရုန်းသုန်းကားဖြစ်လို့
လူတွေ ကျွန်မရှုံးပြီ ရှင်ကြိုက်သလိုလုပ်လိုက်တော့
လူတွေ ကျွန်တော်ရှုံးပြီ ဓါးကိုရွှပ်ကနဲဆွဲထုတ် ဗိုက်သားကိုမျက်နှာချင်းထိုးချိန်လို့။

လူအုပ်ကြီး တိမ်အထုပ်ကြီးလို တအိအိသူ့ဘေးနားမျောလာတော့
လူတွေကိုမော့ကြည့်ပြီး ဒီကလေး နှစ်ယောက်ပြောတာက
‘‘ဖေဖေမောလို့ အိပ်နေတယ်တဲ့’’
ဒီအသံပျော့ပျော့လေးဟာ
လေပြင်းနဲ့ပြေးဝင်လာတဲ့သွပ်တစ်ချပ် လည်ပင်းကိုဖြတ်ပြီး
အမှောင်ထဲပြေးဝင်သွားသလို ပြင်းထန်လှချည်ရဲ့။

ဟုတ်ပါတယ်
သူတစ်ကယ်မောသွားခဲ့ပါပြီ
၃၁ ဘုံစာကို ၃၂ နှစ်နဲ့ အပြတ်ဖြတ်ပြီး
ကောင်းကင်အဟောင်းကိုဖြုတ် နိဗ္ဗာန်အသစ်ကိုချပေးခဲ့သူ
သူအိပ်ပါစေတော့။

ရှိသမျှ ၃၂ ကောဌာသကို အတိအကျပေးပြီး
ဘာတစ်ခုမှ ပြန်မယူပဲ ပြန်ထွက်သွားသူ
သူအိပ်ပါစေတော့။

ဖေဖေမောလို့ အိပ်နေတယ်
ဟုတ်ပါတယ် ကလေးရယ် သူတစ်ကယ်အိပ်မောကျသွားခဲ့ပါပြီ။

သူအိပ်ပါစေတော့
ဝါးလုံးထိုးစီးဆင်းနေတဲ့
ဆရာကြီးသခင်ကိုယ်တော်မှိုင်းကိုခဏတားပြီး
သူ တစ်နှစ်အတွင်း လွတ်လပ်ရေးကို အရယူပေးပါ့မယ် ကတိပေး
ကတိကို ကတိနဲ့ ကတိတည်ရင်း ဂရိတ်ပလေယာ တစ်ယောက်အဖြစ် သူပြသခဲ့တယ်
ခု သူအိပ်ပါစေတော့။

သူ ကောင်းကင်ကိုဖွင့်မယ့်သော့
သူ အနာဂါတ်ကိုစီးမယ့်ယာဉ် ရန်သူရဲ့ဦးခေါင်းကိုဖြတ်ပြီး ယူလာပေးခဲ့ပြီ
သူအိပ်ပါစေတော့။

သူအိပ်ပါစေတော့
အိတ်ထဲမှာ တစ်ပြားတစ်ချပ်မှမရှိပဲ
ဆာလောင်လွန်းသမို့
သူ့ကိုယ်ရံတော်က သူမသိအောင်အကြွေးဝယ်ကြွေးခဲ့တဲ့ ပလာတာနဲ့ဆိတ်သားခပတ်လေးစားပြီး
သူအိပ်ပါစေတော့။

‘‘အနုပညာဆိုတာရှိတယ်
လင်မယားဘ၀မှာလည်း အနုပညာမဲ့ရင် လင်မယားကွဲမှာပေါ့
ဒီလိုပဲ တော်လှန်ရေးမှာလည်း
အနုပညာမြောက်မှ တော်လှန်ရေးဟာလည်း တစ်ကယ့်တော်လှန်ရေးအစစ်ဖြစ်တော့မှာပေါ့ ’’
ဒီလိုဖီလိုဆိုဖာကြီးလည်းဖြစ်
သူအိပ်ပါစေတော့။

ဟုတ်တယ်
သားတို့ သမီးတို့ ဖေဖေ မောလို့ အိပ်နေတယ်
‘‘ငါ့ သားသမီးတွေဆီမှာ
Sense of justice ရှိရင် ငါကျေနပ်ပါပြီကွာ’’လို့ပြောသွားတဲ့
သမီးတို့ သားတို့ဖေဖေ မောလို့ အိပ်သွားပြီ။
သူအိပ်ပါစေတော့။

သူ့မျက်နှာ မြေမျက်နှာသွင်ပြင်က
အပူပိုင်းအီကွေတာကျွန်းစုတွေမှာနေထိုင်တဲ့ မွန်ဂိုးလီးယံအနွယ်လူမျိုးတွေရဲ့မျက်နှာ
သူ့မျက်နှာက
တောင်ပေါ်ချင်းလူမျိုးတစ်ယောက်ရဲ့မျက်နှာလိုလည်းဖြစ်ရဲ့
ဆရာဒဂုန်တာရာကပြောတယ်
ဗမာ ၀ါဂွမ်းနဲ့ရက်လုပ်ထားတဲ့ ပင်နီဖျင်ကြမ်းကြီးကိုဝတ်လို့တဲ့
ဆရာဒဂုန်တာရာကပြောတယ်
သူ့ဆံပင်တွေက ပွယောင်းလို့တဲ့
(ကျွန်တော်ထင်တာက မုန်တိုင်းတစ်ခုဖြတ်သွားတိုင်း ကျန်ရစ်ခဲ့တဲ့မြို့တစ်မြို့လိုပေါ့။)
ဆရာဒဂုန်တာရာပြောသလို
ကျွန်တော်လည်းသူ့ကို
ပွင့်သစ်စ ပွဲလမ်းသဘင်တစ်ခုလို ရုပ်ဖြောင့်စေချင်ခဲ့တာပါပဲ။
သူက ကျွန်တော်တို့ ပုံပြင်တွေ စာအုပ်တွေထဲက ဒဏ္ဍာရီဆန်ခဲ့တဲ့ သူရဲကောင်းတစ်ယောက်
သူဟာ ကျွန်တော်တို့ရဲ့ Special One တစ်ယောက်မဟုတ်လား။

ဒါပေမယ့် သူအိပ်ပါစေတော့။

ဒီဗမာ့ထွက်ရပ်ဂိုဏ်းလမ်းစဉ်ကြေငြာစာတမ်းအတွက် ၁၅ရက် အချိန်ယူမယ်ဆိုရင်
ခင်ဗျားတို့ လ္ဘက်ရည်သွားသောက်နေလိုက်ပါ ခင်ဗျားတို့ရေနွေးကြမ်းနဲ့မြည်းဖို့
ကျုပ် ပရင်တာတစ်လုံးလို စကားလုံးတွေထုတ်ပေးမယ်။
၁၅ မိနစ် မိနစ် ၃၀ ဒါမှမဟုတ် ၁ နာရီ ၂နာရီ စောင့်ပါ
အခြေအနေနဲ့အချိန်အခါတွေက ကျုပ်တို့ကိုစောင့်မှာမဟုတ်ဘူး။
ဒီလိုသူပင်ပန်းခဲ့ သူအိပ်ပါစေတော့။

လွတ်လပ်ရေးရပြီးရင်
ကျုပ် ဘုရင်မင်းမြတ်ကြီးလည်းမလုပ် အုပ်လည်းမအုပ်ချုပ်ချင်ဘူး
အော်ကြီးဟစ်ကျယ် အာဏာဝယ်ချင်တဲ့လူတွေကို ဘေးကအသာလက်ပိုက်ကြည့် ရယ်မောနေချင်တယ်။
ဒီလိုပြောခဲ့ ။ သူအိပ်ပါစေတော့။

လွတ်လပ်ရေးရပြီးရင်
စာရေးဆရာကြီးလုပ် သူရေးထုတ်မယ့်စာအုပ်တွေကို ကျွန်တော်တို့မဖတ်လိုက်ရတာနစ်နာခဲ့ပေမယ့်
သူအိပ်ပါစေတော့။

လက်ကြောမတင်းသလို ကျိန်စာမိသလို လူညွန့်တုန်းသလို
ကျွန်တော်တို့ သူ့ကိုမျှော်မိကြသေးတယ်။
သူအိပ်ပါစေတော့။

‘‘အလွန်ကောင်းစွာ ကမ္ဘာတည်မယ့်
အာဇာနည်ဗိမာန် ပုထိုးကိုဖြင့်
ပါရမီ အဓိဌာန်တမျိုးရယ်နှင့် ရှိခိုးကာ ဆရာကန်တော့ချင်ရဲ့’’
သူအိပ်ပါစေတော့။

‘‘သြော်…တောင်နန်းမြောက်နန်း အဆောင်ဆောင်ကြငှန်းနဲ့
အခေါင်မမြန်းရခင်က အောင်ပန်းညိုးရရှာတဲ့ အောင်ဆန်းတို့သေပုံ နှမြော’’။

အဖိုးရေ
အဖေအိပ်ပျော်ပါစေတော့

ငယ်ငယ်က
ဖေဖေမောလို့ အိပ်နေတယ် ပြောတဲ့သမီး ဒီမှာရှိနေပြီ
သူကောင်းစွာ အိပ်ပျော် ကောင်းကင်ဘုံတစ်ခုခုမှာ စံပျော်နေပါစေတော့။ ။



ခရမ်းပြာထက်လူ

Monday, October 21, 2013

Internet Download Manger Build 2 + Patch (FULL Version + နောက်ဆုံးထွက်)

(၃မိနစ်အတွင်း FULL Version ဖြစ်အောင်လုပ်နည်း)

ကျွန်တော် အခုနောက်ဆုံးထွက်ကို ဝေမျှလိုက်ပါတယ်။ Windows 7 စက်က အိမ်မှာ။ အခု ကျွန်တော် အင်တာနက်ဆိုင်ကနေ ပြရတာမို့လို့ မုံဝါးဝါးဖြစ်နေတာကို သည်းခံစေလိုပါတယ်။ အောက်ပါအတိုင်း ဒေါင်းလုတ်ဆွဲလိုက်ပါ။ Patch ကော၊ Installer ပါထည့်ပေးထားပါတယ်။ အဆင်ပြေပါစေ။


Patch အသုံးပြုနည်း

 Download ဆွဲဖို့ (Installer + Patch)

Download => Link 1 / Link 2 / Link 3

Wednesday, October 16, 2013

internet Download Manager ရဲ့ Speedကိုဘယ်လိုထပ်တိုးမလဲ...


အခုကျနော် တင်ပြမှာကတော့ ကွန်ပြူတာအသုံးပြုသူတိုင်းလိုလို သိထားတဲ့ IDM ရဲ့ Downloadဆွဲအား
ကို မြန်သည်ထက်မြန်အောင် လုပ်နည်းလေးဖြစ်ပါတယ် ဒေါင်းလော့ဆွဲနေတာကို ထိုင်စောင့်နေရတဲ့
အဖြစ်ကလည်း စိတ်ပင်ပန်းတာပါပဲ တစ်ချို့  အင်တာနက်လိုင်းကောင်းတဲ့သူတွေအနေနဲ့ လည်း
လိုင်းကောင်းတယ်ဆိုပေမယ့် IDMကိုပုံမှန်ဆွဲအားအတိုင်းထားတာထက် အခုလိုထပ်တိုးလိုက်မယ်
ဆိုရင်တော့ ဖိုင်ဆိုဒ်ကြီးတွေ ဒေါင်းလော့လုပ်တဲ့အခါမှာ ပိုပြီးအဆင်ပြေတာပေါ့ဗျာ.။
IDMအဆင်မပြေသူများအတွက် နောက်ဆုံးပေါ်Versionလေးကို ဒီနေရာမှာယူလိုက်ပါနော်။

လုပ်နည်းကို ကျနော်ပထမဒီနေရာ မှာတင်ပြခဲ့ဖူးပါတယ်။
အခုလုပ်နည်းက ပိုပြီးသေခြာမယ်ထင်လို့ ပါ.။ကဲ.စမယ်နော်
ပထမနေရာမှာပြခဲ့တဲ့အတိုင်း IDMကိုဖွင့်ပြီး Downloads>>Options>>Connection ကိုသွားပြီး
Connection Type/Speed အောက်က BoxထဲကိုOtherကိုရွေးထားပြီး
ဘေးကBoxထဲမှာ999999 bpsထားလိုက်ပါ။    (1000000မဟုတ်တော့ပါဘူး)
 default Max. Conn. Number ကို16 လို့ ရွေးထားပါ. ပြီးရင်တော့OKနှိပ်လိုက်တော့.။
ထပ်ပြီးတော့ သေခြာအောင် Registry EditထဲမှာIDMရှိတဲ့နေရာကိုသွားပြီး လုပ်ပါအုံးမည်။
ကွန်ပြူတာဘယ်ဘက်အောက်ခြေက Startကိုနှိပ်ပြီးBoxထဲမှာ Runလို့ ရေးပြီးRun Boxကို
ခေါ်ယူလိုက်ပါ။
အောက်ပါပုံအတိုင်းRun Boxထဲမှာ regeditလို့ ရေးပြီးOKနှိပ်လိုက်ပါ
အောက်ပါပုံအတိုင်းHKEY_CURRENT_USERကို၂ချက်ဆက်တိုက်နှိပ်ပြီးဖွင့်ပါ။

ပြီးရင်Softwareဆိုတာကို ထပ်ပြီးဖွင့်ပါ ပြီးရင်အောက်ထဲကDownload Managerဆိုတာကို
ကလစ်တစ်ချက်နှိပ်ပြီးရွေးထားပါ အောက်ကပုံအတိုင်း ဘေးကBoxမှာ Connection Speed
ဆိုတာရှိတယ် တွေ့ အောင်ရှာပါ  Connection Spe...လို့ ပြထားလိမ့်မယ်..

ဟုတ်ပြီ တွေ့ ရင်၂ချက် နှိပ်ပြီးဖွင့်(ဒါမှမဟုတ် ညာကလစ်နှိပ်ပြီး Modify..ကိုနှိပ်လည်းရပါတယ်)
ပြီးရင်တော့ အောက်ပါပုံအတိုင်းDecimalကိုရွေးထားပါ Value data အောက်ကBoxထဲမှာ
999999ဖြစ်နေရပါမယ်..ပြီးရင် OKနှိပ်လိုက်ပါတော့ဗျာ..
ဒီလောက်ဆိုရင်OKမယ်ထင်ပါတယ်.

                                                    ကေနွန်

Tuesday, October 15, 2013

ကန်တော့ပွဲပြီးချိန်မှ သာရိုက်ကူးရေးတွေ ပြုလုပ်ရန် မေတ္တာရပ်ခံစာပို့ထားကြောင်း အစည်းအရုံးဥက္ကဋ္ဌဦး လူမင်းပြောကြား


၉၃ နှစ်ပြည့် မြန်မာ့ရုပ်ရှင် နေ့နဲ့နှစ် ၅ဝ ပြည့် ရုပ်ရှင် သက်ကြီးပူဇော်ပွဲကို အောက် တိုဘာ ၁၃ မှာတော့ မြန်မာနိုင်ငံ ရုပ်ရှင်အစည်း အရုံးမှာ ကျင်းပ ပြုလုပ်မှာ ဖြစ်ပါတယ်။ ရုပ်ရှင်လောက သားတစ် ယောက် အနေနဲ့ ရုပ်ရှင်နေ့က အထိမ်းအမှတ်နေ့ဆိုတာ မမေ့ဖို့ ရည်ရွယ်ပြီး၊ အစဉ်အလာကို ထိန်းသိမ်းသင့် တဲ့ နေ့ထူးနေ့ မြတ် ပါလို့ ပြောပြ လာတဲ့မြန်မာ နိုင်ငံ ရုပ်ရှင်အစည်းအရုံး ဥက္ကဋ္ဌ ဦးလူမင်းက..
” နိုင်ငံတစ်ခုအနေနဲ့လည်း အထိမ်းအမှတ်နေ့အနေနဲ့၊ တိုင်းသူ ပြည်သားတွေကို အစိုးရ ရုံးပိတ်ရက်အနေနဲ့ သတ်မှတ်ပေးရတာမျိုးလေ။ ကိုယ်တို့ ရုပ်ရှင်လောက သားေ တွနဲ့ပတ်သက်ရင် ရုပ်ရှင် နေ့ဆိုတာ အမှတ် တရအထိမ်း အမှတ်နေ့တစ်နေ့လို ရှိကို ရှိနေရမယ်။ ထုတ်လုပ်သူတွေ ကို ဒီနေ့မှာ ရှုတင်နားဖို့တော့ မဟုတ်ပါ ဘူး။ နေ့ လယ်ကန် တော့ပွဲ ချိန်ပြီးမှသာ ရိုက်ကူးပါ ရန်လို့ မေတ္တာရပ်ခံ စာလေးတွေ ပို့ထားတယ်။ ဖြစ်နိုင်ရင် ဒီလို ရုပ်ရှင်နေ့ဆိုတာ ရုပ်ရှင် လောကသားတွေ အတွက်ဆို တာ ကို ဖြစ်သင့်တာ၊ ကိုယ်တိုင် လည်း အရင်ကတည်းက အကယ် ဒမီပွဲတို့၊ ရုပ်ရှင်ကန်တော့ပွဲ တို့ကို နှစ်စဉ်မပျက်မကွက် တက်ပါတယ်။ အဲဒီရက်မှာ ကိုယ်မသိလိုက်တဲ့ လူကြီးတွေ လည်းပါတယ်လေ။ ရုပ်ရှင် လောကဆိုတာ ရှေးခေတ် အဆက် ဆက်က ပညာရှင်တွေ လက် ဆင့်ကမ်းခဲ့လို့ အခုချိန်ထိ အသက်ဝင်နေတာလေ။ အာစရိ ယဂုေ ဏာအနေႏၲာဆိုတာ ရွိကို ရွိရမွာ။လူကြီးတွေကို ကန်တော့ ရတာလည်း ဝမ်းသာရတယ်။ မမီလိုက်၊ မကြားလိုက်ရတဲ့ ဆင်ခြင်သင့်စရာ အတုယူစရာ တွေကလည်း မှတ် သားသင့် စရာတွေပဲလေ။ အခုအလှူရှင် တွေကလည်း အများကြီးပါပဲ။ အသက်ကြီးလာတဲ့အတွက် မလာရောက်နိုင်တဲ့ သက်ကြီး တွေကိုလည်း ကိုယ်စား ကန် တော့ ခံပ စ္စည်းတွေပေးမှာပါ” လို့ လည်းပြောပြခဲ့ပါတယ်။
မေမွန်မောင်

နှလုံးရောဂါရှင်များ သီချင်းများများနားထောင်ပါက အကျိုးကျေးဇူးရနိုင်


ဥရောပ နှလုံးရောဂါ အဖွဲ့အစည်း ညီလာခံ (၂၀၁၃)တွင် တင်ပြခဲ့သော လေ့လာမှု အသစ်တစ်ခုအရ နှလုံး ရောဂါခံစား နေရသော လူနာများ အနေဖြင့် ၎င်းတို့နှစ်သက်သည့် တေးဂီတ သံများကို နားထောင်ခြင်းဖြင့် ကျန်းမာ ရေးအတွက် အကျိုးကျေးဇူးရရှိနိုင် ကြောင်း သိရှိရသည်။ နှလုံးရောဂါ လူနာ ၇၄ ဦးကို အုပ်စု ၃ စုခွဲကာ ပထမအုပ်စုကို ကာယလေ့ကျင့်ခန်း ၃ ပတ်ကြာလုပ်စေခဲ့ပြီး ဒုတိယအုပ်စု ကို ၎င်းတို့နှစ်သက်သည့် တေးဂီတ သံများအား နားထောင်စေခဲ့သည်။ တတိယ အုပ်စုကိုမူ ကာယလေ့ကျင့် ခန်းရော ၎င်းတို့နှစ် သက်သည့် တေး ဂီတ နားထောင်ခြင်းကိုပါ နှစ်ခုစလုံး လုပ်ခိုင်းခဲ့သည်။ 
တတိယ အုပ်စုသည် နှလုံးစွမ်း ဆောင်ရည်များ သိသိသာသာ တိုးတက်ကောင်းမွန်လာသည်ကို တွေ့ရှိ ရပြီး ကာယလေ့ကျင့်ခန်း လုပ် နိုင်စွမ်းရည် ၃၉ ရာခိုင်နှုန်း တိုးတက် လာခဲ့သည်။ ပထမ အုပ်စုတွင် ကာယ လေ့ကျင့်ခန်း လုပ်ဆောင်နိုင် စွမ်းရည် ၂၉ ရာခိုင်နှုန်း တက်လာခဲ့ပြီး တေး ဂီတသက်သက် နားထောင်နိုင် သူတို့မှာ ကာယလေ့ကျင့်ခန်း လုပ်ဆောင်နိုင်စွမ်းရည် ၁၉ ရာခိုင်နှုန်း သာလျှင် တိုးတက် ခဲ့သည်။
တေးဂီတ နားဆင်သော အခါ ဦးနှောက် အတွင်းမှ အင်ဒိုဖင်းဟုခေါ် သော ဟော်မုန်းများ ထွက်လာပြီး သွေးကြော ကျန်းမာရေး ကောင်းစေသည်ဟု ဆိုသည်။ အကောင်းဆုံး ဂီတ အမျိုးအစား ဟူ၍ သတ်မှတ် ချက်မရှိဘဲ ပျော်ရွှင်မှုဖြစ်စေသော ဂီတကိုနားဆင် သင့်ကြောင်း သိရှိရသည်။ 
မောင်
By Health Digest

Monday, October 14, 2013

ကြယ်


k



၂၀၇၀ ပြည့်နှစ်မှာ ရန်ကုန်မြို့ဆိုတာ ရှိတော့မည်မဟုတ်ကြောင်း မိုးလေ၀သပညာရှင်ဆို


၂၁ ရာစုနှစ်အတွင်း ကမ္ဘာ့အပူချိန်တိုးနှုန်းကြောင့် မြန်မာနိုင်ငံအောက်ပိုင်းဒေသရှိ မြို့ကြီးများ လုံးဝပျောက်ကွယ်သွားနိုင်သည့်အခြေအနေရှိနေကြောင်း မိုးလေ၀သပညာရှင် ဦးထွန်းလွင်က သတိပေးပြောကြားသည်။
၂၁ ရာစုကုန်ပိုင်းတွင် ကမ္ဘာကြီး ပူနွေးလာမှုကြောင့် အရှေ့တောင်အာရှနိုင်ငံများအားလုံး အပူချိန် ၄ ဒီဂရီသာ တိုးမည်ဖြစ်သော်လည်းမြန်မာနိုင်ငံတွင်မူ ၁ ဒီဂရီပိုမိုပြီး ၅ ဒီဂရီ အထိတိုးလာနိုင် ကြောင်း၎င်းက ရှင်းပြသည်။
အပူချိန်တိုးမှုကြောင့် ဖြစ်ပေါ်လာမည့် သဘာဝဘေးအန္တရာယ်ကာကွယ်ရန် လိုအပ်သည့် ပြင်ဆင်မှုများ၊ လေ့လာမှုများ မလုပ်နိုင်ပါကမြန်မာနိုင်ငံ၏ အဓိကမြို့ကြီးများ ပျောက်ကွယ်သွား မည်ဖြစ်ကြောင်း မိုးလေ၀သ ပညာရှင် ဦးထွန်းလွင်က ပြောကြားသည်။
၂၀၇၀ ပြည့်နှစ်၌ ရန်ကုန်မြို့ဆိုသည်မှာ ရှိတော့မည်မဟုတ်ကြောင်း ၂၀၈၀ တွင် ဧရာဝတီတိုင်း၊ ပဲခူးတိုင်းတို့၏ သုံးပုံနှစ်ပုံမှာ ပျောက်ဆုံးသွားမည်ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။
ပြီးခဲ့သည့် ဆယ်စုနှစ်များသည် ကမ္ဘာ့သမိုင်းတွင် အပူဆုံးဖြစ်ခဲ့ပြီးမြန်မာနိုင်ငံအနေဖြင့် Global Warning ကို မည်သို့မျှ ရှောင်လွှဲ၍ မရဘဲ မိနေကြောင်းနှင့် လိုအပ်သည့် ပြင်ဆင်မှုများ မပြုလုပ်ရသေးကြောင်း လေ့လာသူများကသုံးသပ်သည်။
မြန်မာနိုင်ငံ၏ သဘာဝပတ်ဝန်းကျင်သည် လျင်မြန်စွာ ပျက်စီး ယိုယွင်းနေကြောင်း ပြည်တွင်း ပြည်ပပညာရှင်များကလည်းထောက်ပြလျက်ရှိသည်။
ပြည်ပပညာရှင်၊ သုတေသနအဖွဲ့များ၏ ထုတ်ပြန်ချက်များအရမန်မာနိုင်ငံသည် ကမ္ဘာပေါ်တွင် သဘာဝဘေးအန္တရာယ် ထိခိုက်မှု အဆိုးဆုံးခံရသည့် ၁၀ နိုင်ငံ စာရင်းသည် ဒုတိယနေရာတွင်ရောက် ရှိနေသည့်အပြင် ရာသီဥတုပြောင်းလဲခြင်း၏ ထိခိုက်မှုဒဏ်ကို အဆိုးဆုံးခံရမည့် နိုင်ငံများစာရင်းတွင်လည်း ဒုတိယနေရာသို့ရောက်ရှိနေသည်။
အပူချိန်များတိုးခြင်း၊ ရာသီဥတု ဖောက်ပြန်ခြင်းတို့သည် Global Warning ကမ္ဘာကြီး ပူနွေးလာမှု၏ ဆိုးကျိုးများဖြစ်ပြီး ၎င်း၏ သက်ရောက်မှု (Impact) များကို အရှေကတောင်အာရှနိုင်ငံများမှ လေ့လာ စူးစမ်း၍ ကြိုတင်ကာကွယ်မှုများ ပြုလုပ်ရန် စတင်နေပြီဖြစ်သော်လည်း အခြားသော နိုင်ငံများထက် ထူးခြားစွာ ထိခိုက်မည့်မိမိတို့နိုင်ငံသည် Global Warming ၏ Imparct များကို မလေ့လာဘဲ ကြိုတင်ပြင်ဆင်မှုများမရှိကြောင်း ဦးထွန်းလွင်က ပြောကြားသည်။
“သူများနိုင်ငံတွေ အကုန်လေ့လာပြီးပြီ၊ ဘာမှမလုပ်ရသေးတဲ့ မြန်မာနိုင်ငံကတော့ ကျေနပ်စရာ တစ်ကွက်မှ မရှိဘူး၊ အရှေ့တောင်အာရှမှာ အပူဆုံးနိုင်ငံဖြစ်တော့မယ်၊ အားလုံးကြို တင်ပြင်ဆင်မှုတွေ လုပ်သင့်ပြီ”ဟု ၎င်းက ပြောကြားသည်။
၂၁ ရာစုကုန်ပိုင်း အပူချိန်တိုးလာချိန်တွင် ပင်လယ်ရေမျက်နှာပြင်မြင့်တက်မှုကြောင့် ဆားငန် ရေများ ၀င်လာပြီး မြစ်ဝကျွန်းပေါ်ဒေသများ ကျုံ့သွားမည်ဖြစ်ကြောင်း သဘာဝပတ်ဝန်းကျင်ရေးရာ ပညာရှင် များက သုံးသပ်သည်။
ထို့ပြင် သောက်သုံးရေပြတ်လပ်ခြင်း၊ စိုက်ပျိုးမြေပျက်၍ ဆန်ရေစပါး ရှားပါးခြင်း၊ ငါးလုပ်ငန်း များ ပျက်ဆီးခြင်း၊ တောတာင်များ မီးလောင်ကျွမ်းခြင်းတို့ ဖြစ်ပေါ်လာနိုင်ကြောင်း၎င်းတို့က ဆိုသည်။
ကမ္ဘာကြိး၏ ၃၀ ရာခိုင်နှုန်းသည် စိမ်းလန်းသည့် သစ်တော့များနှင့် ဖုံးအုပ်ထားပြီး စတုရန်းမီတာ သန်းပေါင်း ၄၀၀ ရှိကြောင်း၊ သက္ကရာဇ် ၂၀၀၀ နှင့် ၂၀၁၅ ခုနှစ်အတွင်း သစ်တော ဧရိယာစတုရန်းမီတာ 
၇၃၂၀၀ ပျက်စီးသွားပြီဖြစ်ကြောင်း၊ ကမ္ဘာကြီးပူနွေးလာရခြင်းသည် လူသား တို့ကိုယ်တိုင် ဖန်တီး ခဲ့ခြင်းဖြစ်ပြီး လူသားများပင် ပြန်လည် ထိန်းသိမ်းကာကွယ်ရမည့် ပြဿနာဖြစ်ကြောင်း သဘာဝပတ်ဝန်းကျင်ပျက်စီးယိုယွင်းမှုများကို အမှတ်တမဲ့ မနေသင့်ကြောင်း သဘာဝပတ်ဝန်းကျင် ပညာရှင် ဦးအုန်းကပြောကြားသည်။
မြန်မာနိုင်ငံ၏ ဆိုးရွာလာတဲ့ အကျိုးဆက်များကို သေချာလေ့လာသုတေသနပြု ကြိုတင်ကာကွယ်ထိန်း သိမ်းခြင်းများ လုပ်ဆောင်ရတော့မည်ဖြစ်သော်လည်း သုတေသနအနေဖြင့် စနစ်တကျ လုပ်ဆောင်နိုင်သေးခြင်း မရှိကြောင်း ဦးထွန်းလွင်က ပြောကြားသည်။
ကမ္ဘာ့ပူနွေးမှုကို ကာကွယ်ပေးမည့် မြန်မာ့ သစ်တောများသည် မြေ အသုံးချမှုသို့ ပြောင်းပစ်နေခြင်းနှင့် အခြားအကြောင်း အမျိုးမျိုးတို့ကြောင့်ပျက်စီးနေရသကဲ့သို့ သဘာဝကို ပြုစုပျိုးထောင်မှု မရှိခြင်းတို့ကြောင့် သစ်တော အရည်အသွေးများ ကျဆင်းလျက်ရှိရာ ၁၉၉၀ ခုနှစ်မှ ၂၀၀၀ ခုနှစ် အတွင်း ကျွန်းနှင့် ပျဉ်းကတိုး တို့၏ ထုထည်နှင့် ပါဝင်မှု ရာခိုင်နှုန်းများသိသိသာသာ ကျဆင်းခဲ့ရာ ကျွန်းသစ်သည် ၁၉၉၀ တွင် ကုဗမီတာသန်းပေါင်း ၂၄၁ ဒသမ ၉၁ နှင့် ပါဝင်မှု ၈ ဒသမ ၆၃ ရာခိုင်နှုန်း ရှိနေရာမှကုဗမီတာ သန်းပေါင်း ၁၄၉ ဒသမ ၄ နှင့် ပါဝင်မှု ၅ ဒသမ ၂၁ ရာခိုင်နှုန်းသို့ ကျဆင်းခဲ့ကြောင်း၊ ထိပ်တန်းသစ် ၁၀မျိုးကို ကြည့်လျှင်လည်း ထုထည် ကုဗမီတာ သန်းပေါင်း ၁၃၄၀ ဒသမ ၀၅ နှင့် ပါဝင်မှု ၄၇ ဒသမ ၈၁ ရာခိုင်နှုန်း ရှိနေရာမှ ထုထည် ကုဗမီတာ သန်းပေါင်း ၅၅၉ ဒသမ ၆၂ ရာခိုင်နှုန်းနှင့်ပါဝင်မှု ၁၉ ဒသမ ၅၁ ရာခိုင်နှုန်း အထိ ကျဆင်းခဲ့ကြောင်း သဘာဝပတ်ဝန်းကျင်နှင့် သစ်တောဦးစီးဌာနတို့ထံမှ စုံစမ်းသိရှိရသည်။
တောင်ယာလုပ်ရန် ရှို့သည့်မီးလောင်ခြင်း အပါအ၀င် တောမီးလောင်မှုခြင်းများလည်း မြန်မာနိုင်ငံအနှံ့ တွင် ဆက်တိုက်ဖြစ်ပွားနေခြင်းကလည်း သစ်တောပြုန်းတီးမှုကို အားပေးနေကြောင်း အမျိုးသား သဘာဝဘေး အန္တရာယ်ကာကွယ်တားဆီးရေးကော်မတီက ထုတ်ပြန်ချက်များအရလည်း သိရသည်။
မြန်မာနိုင်ငံသည် အာရှ၏ စက်မှုအင်အားကြီး နိုင်ငံကြီးနှစ်ခုဖြစ်သည့်တရုတ်နိုင်ငံနှင့် အိန္ဒိယနိုင်ငံတို့ အကြားတွင် ကျရောက်ခြင်းကလည်း သဘာဝပတ်ဝန်းကျင်ထိခိုက်မှုကို အကျိုးသက်ရောက်မှု ကြီးကြီး မားမားဖြစ်စေနိုင်ကြောင်း သဘာဝပတ်ဝန်းကျင်ပညာရှင်များက သုံးသပ်ထားသည်။
ရေးသားသူ- မောင်ထက်
တည်းဖြတ်သူ- ဂျူးဂျူးလှိုင်

Friday, October 11, 2013

ဆယ်တန်းကျောင်းသူနှင့် အတူနေပြီး လက်ထပ်မယူဘဲ စစ်ဗိုလ်တစ်ဦး ရှောင်ပြေးနေ


မရမ်းကုန်းမြို့နယ်တွင် ဆယ်တန်းကျောင်းသူကလေးတစ်ဦးကို စစ်ဗိုလ်ကြီးတစ်ဦးက အကြိမ်ကြိမ် ကာမစက်ယှက်ပြီး လက်ထပ်ယူမည်ဟု ပြောဆိုခဲ့သော်လည်း တိမ်းရှောင်နေသည့်အတွက် ကာယကံရှင် မိသားစုက အောက်တိုဘာ ၉ ရက်တွင် အမှုဖွင့်တိုင်တန်းလိုက်သည်။

အမှုသည် စက်တင်ဘာ ၂၉ ရက် နေ့လယ်ပိုင်းက မိခင်ဖြစ်သူက ၁၅ နှစ်အရွယ်ရှိ ၎င်း၏သမီး ၁၀ တန်း ကျောင်းသူ သည် ကျူရှင်တက်ရန်နေအိမ်မှ ထွက်သွားခဲ့ပြီး ညနေခြောက်နာရီတွင် နေအိမ်တွင် ကျူရှင် သင်ပေးသည့် ဆရာမဖြင့် ပြန်လည်ရောက်ရှိလာရာမှ တစ်ဆင့်စတင်ခဲ့သည်။

ထို့နောက် သမီးဖြစ်သူကို မေးမြန်းရာ နေအိမ်အနီး ဆေးခန်းလာဖွင့်ထားသော ဆေးခန်းမှ တပ်မတော် ကိုယ်လက် အင်္ဂါ ပြန်လည်သန်စွမ်းရေးဆေးရုံ(ကုတင် ၃၀၀)၊ မင်္ဂလာဒုံမြို့နယ် (စိစစ်ဆဲ)မှ ဗိုလ်ကြီးတစ် ဦးသည် ဆေးရုံဝင်း အတွင်းရှိ အဆောင်သို့ ခေါ်ဆောင်သွားပြီး သားမယားအဖြစ် တစ်ကြိမ်ပြုကျင့်ခဲ့သည်ဟု ရဲကိုထွက်ဆိုထားသည်။

ထို့ပြင် ယခင်ကလည်း ယင်းကဲ့သို့ခေါ်ဆောင်သွားပြီး သားမယားအဖြစ်နေထိုင်ခဲ့ကြောင်း သမီးဖြစ်သူက
ပြောပြခဲ့သည်ဟု မိခင်က ရဲစခန်းတွင် ထည့်သွင်းထွက်ဆိုထားသည်။ ယင်းကြောင့်ပင် အဆိုပါ ဗိုလ်ကြီးကို ခေါ်ယူ မေးမြန်းစဉ် ၎င်းမှ ကာမစပ်ယှက်မှုရှိခဲ့ကြောင်း ၀န်ခံခဲ့ပြီး ရုံးဖွင့်ရက်တွင် တရားရုံး၌ လက်ထက်မည်ဟု ပြောဆိုကာ သက်သေခံစာချုပ်တွင် သက်သေများထား၍ လက်မှတ်ထိုးပေးခဲ့သည်ဟုလည်း ဆိုထားသည်။

သို့သော် ယနေ့အချိန်ထိ အတွေ့မခံဘဲ တိမ်းရှောင်နေသောကြောင့် မိဘအုပ်ထိန်းမှုအောက်ရှိ မိန်းကလေး ငယ်အား သားမယားအဖြစ် ပေါင်းသင်းမည်ဟု ဖြားယောင်းသွေးဆောင်ပြီး ကာမရယူခဲ့သူ အဆိုပါ စစ်ဗိုလ်အား အရေးယူပေး ရန် ကလေးမိခင်က စွပ်စွဲတိုင်တန်းလိုက်ခြင်းဖြစ်သည်။

ယင်းတိုင်တန်းမှုကို မရမ်းကုန်းမြို့နယ် ဘုရင့်နောင်နယ်မြေ ရဲစခန်းက (ပ)၃၆၃ /၂၀၁၃ဖြင့် အမှုဖွင့်ထားသည်ဟု ဆိုထားသည်။ ယင်းအပြင် တိုင်တန်းခံရသူသည် စစ်သည်ဖြစ်နေသဖြင့် သက်ဆိုင်ရာတပ်နှင့် ဆက်သွယ်ဆောင်ရွက် နေပြီး ပြစ်မှု ပုဒ်မ ၃၆၃/၃၆၆ ဖြင့် အရေးယူသွားနိုင်ရန် ဆောင်ရွက်နေသည်ဟု လည်း တိုင်းရဲတပ်ဖွဲ့မှူးရုံးက ဆိုထားသည်။

ဇော်ဇော်ထွေး

Tuesday, October 8, 2013

အင်တာနက်မယ် နန်းခင်ဇေယျာနှင့် ယဉ်ကျေးမှု နောက်ဆက်တွဲ

အပွင့်လင်းဆုံး ၀န်ခံရရင် နန်းခင်ဇေယျာကို ကိုစေတန် ဆိုဒ်ထဲက ဓာတ်ပုံတွေမှာ ပထမ ဆုံး တွေ့ဖူးတာပါ။ မြန်မာနိုင်ငံမှာက မော်ဒယ်တွေရဲ့ ပြိုင်ပွဲတွေက အမြဲလုပ်နေတာဆိုတော့ ဘယ်သူ ဘာဆု ရတယ်ဆိုတာက လူအတော်များများအတွက် သက်ရောက်မှု မရှိပါဘူး။ ဒီလိုနဲ့ အင်တာနက် စာမျက်နှာပေါ်မှာ အပေါ်တစ်ကွက်၊ အောက်တစ်ကွက်သာ ဖုံးထားတဲ့ ပုံနဲ့ မြန်မာနိုင်ငံကို ကိုယ်စားပြုပြိုင် မယ့် နန်းခင်ဇေယျာဆိုပြီး ပုံတွေထွက်လာတယ်။ တရားဝင်ပြိုင်တာဆိုတော့ တရားဝင်ဖြန့်လို့ရပြီဆိုပြီး အရင်မင်းသမီးတွေထက်တောင် ပိုမြန်ပြီးဆိုဒ်ပေါင်းစုံ နေရာပေါင်းစုံကို ရောက်သွားတာကို တွေ့ရပါတယ်။
 
အင်တာနက်မယ် ပြိုင်ပွဲမ၀င်မှီ နန်းခင်ဇေယျာ ပုံရိပ်များ
တစ်ညနေမှာ အဲဒီပုံလေးတွေ ကြည့်နေတုန်း ညီလေးတစ်ယောက် အစ်ကိုကြီး။ ဟိုဆိုဒ် ပုံတွေ ဒေါင်း လုပ်ချနေတာလား ဆိုတော့ မဟုတ်ဘူး ညီလေးရ။ ဒါမြန်မာနိုင်ငံရဲ့ တရားဝင်မယ် ဆိုပြီး ဖြေလိုက် မိတာ ကစပြီး ငါတို့နိုင်ငံမှာ ဒါမျိုးတရားဝင် သွားပြီ လား ဆိုတာ တွေးမိတာနဲ့ နန်းခင်ဇေယျာနဲ့ ယဉ်ကျေးမှု တိုက်ပွဲအစ ဆိုပြီး ရေးလိုက်တယ်။ 
 
မြန်မာလူမျိုးတွေဟာ အရမ်းကို စိတ်သဘောထားကောင်းမွန်ပါတယ်။ တစ်နေ့ထက်တစ်နေ့ နန်းခင်ဇေ ယျာ အတွက် ကြိုးစားေ ပးလိုက်ကြတာတွေ့ရတော့ ယဉ်ကျေးမှု ဆိုတာေ တွတောင် မေ့ပြီး ကိုယ်ကို တိုင် လည်း ၀င်ပြီး ကလစ်မိ တာပါပဲ။ နန်းခင်ဇေယျြာ ပိုင်နေတဲ့ တစ်ချိန် တည်းမှာပဲ ကချင်ပြည်နယ် မှာ စစ်ပွဲတွေ ဖြစ်နေတယ်။ ရှမ်းပြည်နယ် မှာလဲ တိုက်ပွဲတွေ ဖြစ်နေတယ်။ ရခိုင်မှာ ဘင်္ဂလီပြဿနာ တက်နေ တယ်။ OIC ကိစ္စတွေနဲ့ တစ်နိုင်ငံလုံး လှုပ်ရှားမှုတွေ ဖြစ်နေကြတော့ ကျွန်တော်တို့လဲ အဲဒါတွေကိုပဲ အဓိက ထား ၊ သတင်းတွေ ရှာဖတ်၊ ဆိုဒ်မှာ လာတင်ကြဆိုပြီး လုပ်ကြတယ်။
 
မကြာခင်မှာ နန်းခင်ဇေယျာရဲ့ ပြိုင်ပွဲပြီးတော့မယ်။ အင်တာနက်မယ်ဆုကိုတော့ သူမရ မှာ သေ ချာနေ ပါပြီ။ နောက် ထပ် လူကြိုက် များတာ တို့ ဘာတို့ ပေးရင်လည်း ရအုံးမှာပါပဲ။ ဒီအခါမှာ ကျွန်တော်က နန်းခင်ဇေယျာရဲ့ အရည်အချင်းကို စဉ်းစားမိတယ်။(ယဉ်ကျေးမှုနဲ့မြန်မာစိတ်ဓာတ်ကို အခြေ ခံပြီး ရေးတာ လို့ ကြိုပြော အုံးမယ်)။
ဒီပြိုင်ပွဲမှာ သူမ အားထည့်ရတာ ဘာရှိလို့လဲ။ အင်တာနက်မှာ ပေါ်ပြူလာဖြစ်တဲ့ လူနှစ်ယောက် သုံးယောက်လောက်ကို စည်းရုံးပြီး ကလစ်နှိပ်ဖို့ ကြော်ငြာခိုင်းရုံနဲ့ အင်တာနက်မယ် ဖြစ်တာပဲ မဟုတ် လား။ နည်းလမ်းမျိုးစုံတွေနဲ့ ကလစ်ပေးကြတယ်။ သူမကတော့ တစ်နေရာပြီး တစ်နေရာ ခရီးထွက်နေတဲ့ အကြောင်း၊ အားပေးတာကို ကျေးဇူးတင်တဲ့အကြောင်းစာလေးတွေ ပို့ပေးပေါ့။ သူမနေရာမှာ သူမလိုမျိုး ချွတ်ရဲတဲ့ မိန်းကလေးတစ်ယောက်ရှိတယ်ဆိုရင်ကော ဒီဆုက ရမှာပဲ မဟုတ်လား။ စသွားကထဲကလဲ ဒီဆုကို ပဲ ရနိုင်တယ်လို့ သူမကိုယ်တိုင်ပဲ ပြောခဲ့တာပါ။
 တရားဝင်နေရာယူလာသည့် မြန်မာအရောင်းမီဒီယာများ
 
နန်းခင်ဇေယျာနဲ့ပတ်သက်တဲ့  အမြင်အမျိုးမျိုး ရှိကြပါတယ်။ ဘင်္ဂလီဆန့် ကျင်ရေးဆိုဒ်တွေ၊ ဂရုတွေမှာ ဆိုရင် သူမပုံ တင်ရင် ပက်ပက်စက်စက်အပြောခံရတာတွေလည်းရှိတယ်။ OIC ကို ကန့်ကွက်မဲနဲ့ နန်းခင်ဇေယျာ ကို ဆုရဖို့ ထောက်ခံမဲ (ကလစ်တွေကို ပြောတာပါ) ကွာခြားချက်တွေနဲ့ စိတ်တိုသူတွေလဲ ရှိတယ်။ သူငယ်ချင်း တစ်ယောက်ကဆိုရင် တစ်ခြား မြန်မာအမျိုးသမီးတစ်ယောက်ကို အဲလိုဝတ်ခိုင်းပြီး OIC  မဲ ဆွယ် ရမလို ဖြစ်နေပြီလို့ တောင် ပြောခဲ့သေးတယ်။ ဒါတွေကတော့ ပြီးခဲ့ပါပြီ။ အခု သူမရဲ့ပုံတွေ ဂျာနယ်တွေမှာ ပါလာပြီ။ အရင်တုန်းက  အရက်ကြော်ငြာ၊ ဆေးလိပ်ကြော်ငြာတွေမှာသာ ဒီလိုပုံေ တွ မြင်ရပေမယ့် အခုတော့ လွယ်လွယ်ကူကူပဲ မြင်တွေ့နေရပါပြီ။
 
မြန်မာတို့ရဲ့ မြန်မာမီဒီယာနဲ့ မြန်မာတို့ရဲ့ မြန်မာကြော်ငြာ
 
မိန်းကလေးတွေ အတို၊အပြတ်လေးတွေ ၀တ်ကြတယ်။ ကိုယ်တို့ကတော့ ပတ်ဝန်းကျင်မှာ ထမီ၊ရင်ဖုံးတွေ ပဲ မြင်တာ ကြာတော့ အမြင်တစ်မျိုးဖြစ်နိုင်ပါတယ်။ခေတ်နဲ့အညီ၊ ရာသီဥတုနဲ့ အညီဆို ရင် ဒေါ်အောင် ဆန်း စုကြည် နိုင်ငံတကာ သွားတာ စကတ်ဝတ်ပြီးသွားမှာပေါ့လို့ ခပ်ညစ်ညစ်ပြောလဲ ရပါတယ်။ ကလေး သရုပ်ဆောင် ယွန်းယွန်းလဲ ဂျပန်မှာ ကိုယ်စားပြုပြီး ပြိုင်တာပါ။ တစ်ခြား တစ်ခြား ပြိုင်စရာတွေ အများကြီး ရှိ ပါတယ်။ အခုတော့ ကျွန်တော်တို့ ဒီပြိုင်ပွဲကနေ ရလဒ်တွေ ထွက်လာပါ တယ်။ သူမ အင်တာနက်မယ် ဆုရ တယ်။ (သူမဟာ မယ်မြန်မာ မဟုတ်ပါဘူး။ အင်တာနက်မယ် မယ်နိုင်ငံ တကာ ပါ)။ ဒီဆုကို ရဖို့ သူမရဲ့ အရှက်ကို ပေးဆပ်လိုက်ရပြီးပါပြီ။ ဂျာနယ်တွေမှာ အပြိုင်အဆိုင်နဲ့ အဲဒီပုံတွေ ပါ လာတော့မယ် ။ နောက်အပတ် ဂျာနယ်တိုင်း ဂျာနယ်တိုင်းမှာ အဲလိုပုံတွေ မျက်နှာဖုံး မှာ ဖြစ်လာတော့ မယ်။ နောက်ဆို ကြယ်နှစ်ပွင့် နဲ့ ဖုံးတဲ့ ဂျာနယ်တွေ ဖြစ်လာကြ ပါတော့မယ်။ ယဉ်ကျေးမှုကို ကလစ်နှိပ်ပေးတဲ့ဆုတစ်ဆုနဲ့ လဲလိုက်ရသလိုပါပဲ။ ။ (မကြာခင် မြင်တွေ့၇တော့မယ့် တရားဝင်ပုံများ)
 

Sky netရုပ်သံတွေကို ဖုန်းထဲကနေ free ကြည့်မယ်(အားကစားလိုင်းတွေကောကြည့်လို.ရနေပီနော်)Android Application



sky net ကို ဖုန်းထဲကနေ ဖရီးကြည့်လို.ရနေပါပီ လိုင်းကောင်းဖို.တော့လိုတာပေါ့နော် အားကစာလိုင်းတွေပါ ကြည့်လို.ရနေတော့ အတော်အဆင်ပြေတယ်ဗျာ :D ကျွန်တော်ကတော့ ခု ကြည့်နေပီ ကြည့်ချင်တဲ့ ဘော်ဘော်တွေ အောက်ကလင့်မှာဒေါင်းလိုက်နော်
<>

Making Money From Home
 
မောင်စွယ်စုံကျမ်း

Monday, October 7, 2013

အောက်တိုဘာ တစ်လလုံး နယ်ရှိုးထွက်မယ့် ဆုပန်ထွာ


“မတည့်အတူနေ” ဆိုတဲ့ တစ်ကိုယ်တော် အခွေ ထွက်ရှိထားတဲ့ ဆုပန်ထွာက သူ့ရဲ့ ဒုတိယ တစ်ကိုယ်တော် အခွေ အတွက်လည်း သီချင်းတွေ သွင်းဖြစ်နေပါတယ်။ ဆုပန်ထွာ က သူ့ရဲ့ ဒုတိယ တစ်ကိုယ်တော် အခွေ အကြောင်းကို “ပန်ပန့်ရဲ့ ဒုတိယ တစ်ကိုယ်တော် အခွေလေး လုပ်နေတာ။ ခုနစ် ပုဒ် ပြီးသွားပြီ။ ကျန်တဲ့ ငါးပုဒ် ကတော့ မပြီးသေးဘူး။ တေးရေးတွေ ကတော့ အစုံပဲ။ ပေးတဲ့ သီချင်းလေးပေါ် မှာ မု(ဒ်)သွင်းပြီး ဆိုလိုက်တာပေါ့။ သားသား ဆိုလို့ရှိရင် ပန်ပန် အင်တာဗျူး တစ်ခုမှာ Perfect ဖြစ်တဲ့သူ တစ်ယောက် အကြောင်း ဆိုပြီး ဖြေလိုက်တဲ့ဟာကို မပန် အတွက် Perfect Man လို့ရေးထားတယ် ဆိုပြီး ထုတ်ပေးတယ်။ တေးရေးတွေ ရေး ထားတဲ့ ပုံစံကို ကြိုးစားပြီး ဆိုထားတာပေါ့ ။ ဥပမာ- ညီမင်းခိုင် သီချင်း တစ်ပုဒ် ဆိုအေးအေးလေး။ ကိုဖိုးကာသီချင်း ဆိုလည်း အေးအေးလေး။ ပန်ပန် အကောင်း ဆုံး ဖြစ်အောင် ကြိုးစားနေပါတယ်” လို့ပြောပါတယ်။ ပွင့်လင်းရာသီ ရောက်လာပြီ ဖြစ်တဲ့အတွက် အောက်တိုဘာ တစ်လလုံး ခရီးတွေ ထွက်ပြီး ရှိုးတွေဆို ရ မှာဖြစ်ကြောင်း ပြောတဲ့ ဆုပန်ထွာက နယ် ပရိသတ်ရဲ့ အားပေးမှုတွေ ကိုလည်း “ပရိသတ်တွေက ဆုပန်ထွာလို့ ကြေညာ လိုက်တာ နဲ့ ပန်ပန်မဆိုရသေးဘူး။ လက်ခုပ်သံ က အကျယ်ကြီး ကြားရတယ်။ ဒါ ပန်ပန့် အတွက် တာဝန် ပိုကြီးတယ်။ ပရိသတ် လက်ခုပ်သံ အရင်ကြား ရတဲ့ အတွက် ပန်ပန် ပိုပြီး တာဝန်ကျေအောင် ကြိုးစား ပါ့မယ်လို့ စင်ပေါ် မှာ အရင်ပြော တယ်။ ပြီးရင် အကောင်းဆုံးဖြစ်အောင် ဆိုတယ်။ တစ်ကိုယ် တော် အခွေထဲက သီချင်းတွေဆိုလည်း အားပေးကြတယ်။ ပန်ပန် မျက်ရည် ဝဲလောက်တဲ့ အထိပဲ” လို့ ပြောပါတယ်။ ဂီတ၊ ရုပ်ရှင် အလုပ်နှစ်ခု တစ်ပြိုင်တည်း လုပ်နေတဲ့ ဆုပန်ထွာက သူ့ရဲ့ အချိန် စီမံခန့်ခွဲမှု ကိုလည်း “ဥပမာပေါ့- ပန်ပန် သီချင်း ဆိုနေလို့ ကားရိုက် ဖျက်လိုက်တာတို့၊ ကားရိုက်နေလို့ သီချင်းဆို ဖျက် လိုက်တာတို့ ဒီနေ့အထိ လုံးဝ မရှိအောင် ကြိုးစားတယ်။ အဆိုနဲ့ သရုပ်ဆောင် ပိုင်းကို မျှအောင် ကြိုးစားပြီး လုပ်တယ်” လို့ ပြောပါတယ်။

သက်မွန်မြင့်ပုံလန်းလန်းလေးများ

သက်မွန်မြင့်


သက် 












 






 

















သက်မွန်မြင့်






သက် 












 






 

















သက်မွန်မြင့်